နေပြည်တော် ၂၈ ဖေဖော်ဝါရီ
မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေး ဆိုင်ရာတတိယ(၅)နှစ် စီမံကိန်း(၂၀၁၇-၂၀၂၁)၏ တတိယ နှစ်ဖြစ်သည့် ၂၀၁၉ ခုနှစ်လုပ်ငန်းစီမံချက်နှင့်ပတ်သက်၍ လုပ်ငန်းများအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်း အကောင် အထည်ဖော်ရေး လုပ်ငန်းအဖွဲ့ National Task Force ဥက္ကဌ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦးနှင့် အဖွဲ့ဝင်(၃၄)ဦး တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်က အဖွင့်အမှာစကားပြောကြားပြီး၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူးက ၂၀၁၉ ခုနှစ် လုပ်ငန်းစီမံချက်အား ရှင်းလင်းတင်ပြသည်။ ယင်းနောက် တက်ရောက်လာကြသည့် အဖွဲ့ဝင်များက အထွေထွေဆွေးနွေးကြပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


