ရန်ကုန် အောက်တိုဘာ ၂၆

 

မြန်မာပြည် ဗုဒ္ဓဘာသာပုည ကုသလအသင်း၏ (၈၅) ကြိမ်မြောက် နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် လမ်းမတော် မြို့နယ် အနော်ရထာလမ်း ၁၄ လမ်းထိပ်ရှိ အသင်းရုံးခန်း၌ ကျင်းပသည်။

 

ရွေးချယ်တင်မြှောက်

 

အစည်းအဝေးတွင် သဘာပတိ အဖြစ် ဦးကျော်ခင်မြင့်က ဆောင်ရွက်ပြီး(၈၄)ကြိမ်မြောက် နှစ်ပတ် လည်သင်းလုံးကျွတ် အစည်းအဝေးကြီးက အသင်းကြီး၏ ဥက္ကဋ္ဌအဖြစ် ဦးမျိုးထွဋ်ကို ရွေးချယ် တင်မြှောက်ခဲ့သည်။  

 

ယင်းနောက်(၈၅) ကြိမ်မြောက် နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးမှ အသင်းနာယကများ၊ ဒုတိယဥက္ကဋ္ဌများ၊ အကျိုးတော်ဆောင်ချုပ်၊ အကျိုး တော်ဆောင်များ၊ ဥပဒေအကြံပေး၊ ဘဏ္ဍာရေးမှူး၊ စာရင်းစစ်၊ စာကြည့်တိုက်မှူးနှင့် အမှုဆောင် အဖွဲ့သစ်အား ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။

 

မြင့်မောင်(ဧရာရွှေလင်း)