နေပြည်တော်  ၁၈  မတ် 


ယခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ရိုးရာ ယဉ်ကျေးမှုများနှင့်အညီ ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီများဖွဲ့စည်း၍ စနစ်တကျ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်တွင် မဟာသင်္ကြန်သီချင်း၊ သံချပ် စိစစ်ကြပ်မတ် ရေးလုပ်ငန်းကော်မတီ သည် မဟာသင်္ကြန်ပွဲတော် ဖျော်ဖြေတင်ဆက်မည့် အဖွဲ့များ ၏ သီချင်းများ၊ သံချပ်များသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အချာအာဏာတည်တံ့ခိုင်မြဲရေးကို ထိခိုက်မှုမရှိစေရေး၊ ဘာသာရေး၊ လူမျိုးရေး ထိခိုက်စေမည့် အသုံးအနှုန်းများ မပါဝင်စေရေး၊ နိုင်ငံတော် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အား ဂုဏ်သိက္ခာညှိုးနွမ်း စေသည့် အကြောင်းအရာများ မပါရှိစေရေးနှင့်ရိုင်းပျသည့် အသုံးအနှုန်း၊ ဟန်ပန်အမူအရာများ မပါရှိစေရေးတို့ကို အသိပြုအလေးထားလိုက်နာဆောင် ရွက်ရန်ဖြစ်သည်။

 

သို့ပါ၍ ဖျော်ဖြေသည့်သီချင်း၊ သံချပ်များအား ကြိုတင်စိစစ်နိုင်ရန်အတွက် ဧပြီ   (၁) ရက်နေ့ အရောက် နောက်ဆုံးထားပြီး (၁၅)စုံစီပေးပို့ပါရန်နှင့် သီချင်း၊ သံချပ်ဆုပေးမဏ္ဍပ်များလည်း လာရောက်စာရင်းပေးသွင်းကြရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အသိပေးကြေညာထားကြောင်း သိရသည်။


            
မောင်လူမော်