မော်လမြိုင် အောက်တိုဘာ ၁၈

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် စေရန် ရည်ရွယ်၍ လူသုံးကုန် ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျိုက်မရောမြို့နယ် ပိန္နဲကုန်းကျေးရွာ ပိန္နဲကုန်းအထက၌ ကျင်းပရာ မွန်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ မွန်ပြည်နယ် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး နှင့် ဝန်ထမ်းများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ အသေးစားစက်မှု လက်မှုလုပ်ငန်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် သင်တန်းနည်းပြများ၊ ကျိုက်မရောမြို့နယ် အုပ်ချုပ်ရေးမှူး၊ သင်တန်းသား သင်တန်းသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ရှင်းလင်းပြောကြား

အခမ်းအနားတွင် ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးက အမှာစကားပြောကြားပြီး တိုင်းရင်းသား အခွင့်အရေး များ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာလင်းက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် သင်တန်းနှင့်ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်း ပြောကြားသည်။

 

အဆိုပါ သင်တန်းကို အောက်တိုဘာ ၁၈ ရက်မှ ၂၂ ရက် အထိ ငါးရက်ကြာ စာတွေ့ လက်တွေ့သင်ကြားပို့ချပေးမည် ဖြစ်ပြီး သင်တန်းသား သင်တန်းသူ စုစုပေါင်း ၂၀ တက်ရောက် သင်ကြားမည်ဖြစ်ကြောင်း သိရသည်။

ကျိုက်မရော(ပြန်/ဆက်)