မန္တလေး ၁၀ မတ်
ရွှေမင်းသားဖောင်ဒေးရှင်းမှ ကြီးမှူးကျင်းပသော မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ မြို့နယ်အဆင့် ဆွေးနွေးပွဲကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၂ လမ်းနှင့် မြဝတီမင်းကြီးလမ်းထောင့်ရှိ မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် မတ် ၁၀ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မောင်မောင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တက်ရောက်လာသူများမှ မိတ်ဆက်စကားပြောကြားပြီး ရွှေမင်းသားဖောင်ဒေးရှင်း တာဝန်ခံ ဒေါ်အေးနန္ဒာဌေးက “မသန်စွမ်းသူများ၏ အခွင့်အရေး လက်လှမ်းမီမှုရရှိရေး မသန်စွမ်းသူကိုင်တိုင် ပါဝင်ပေး’’ စီမံကိန်းအကျဉ်းချုပ်အား ပရိုဂျက်တာဖြင့် ရှင်းလင်းပြောကြားသည်။ ၎င်းနောက် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာနှင့် ပတ်သက်၍ တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးကြပြီး ရွှေမင်းသားဖောင်ဒေးရှင်း တာဝန်ခံမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရွှေမင်းသားဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ စေတနာ့ဝန်ထမ်းများနှင့် မသန်စွမ်းသူများ တက်ရောက်ခဲ့ကြသည်။
သန်းဇော်မင်း(ပြန်/ဆက်)


