မန္တလေး     ဇန်နဝါရီ    ၁၉

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မန္တလေးမြို့တွင် ၂၀၂၆ ရိုးမ အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကို ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းတွင် ဗထူးအားကစားကွင်း၌ ကျင်းပသွားမည်ဖြစ်သည်။

ယခုနှစ်တွင် တစ်ဝက်မာရသွန် (၂၁ ကီလိုမီတာ)၊  စိန်ခေါ်ပြေးပွဲ (၁၀ ကီလိုမီတာ)နှင့် (၅ ကီလိုမီတာ) အပျော်တမ်းပြေးပွဲဟူ၍   ပြိုင်ပွဲ အမျိုးအစားသုံးမျိုးကို   ကျင်းပသွားမည်ဖြစ်ရာ တစ်ဝက်မာရသွန်(၂၁ကီလိုမီတာ)၊ (အမျိုးသမီး/အမျိုးသား) ပြိုင်ပွဲတွင်   ပထမဆု ငွေကျပ်  သိန်း ၃၀၊   ဒုတိယဆု ငွေကျပ် ၁၅ သိန်း၊   တတိယဆု ငွေကျပ်  ၁၀ သိန်း၊  စတုတ္ထဆုမှ ဒသမဆုအထိ ငွေကျပ်  ငါးသိန်းစီ ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး စိန်ခေါ်ပြေးပွဲ(၁၀ ကီလိုမီတာ)၊ (အမျိုးသမီး/အမျိုးသား) ပြိုင်ပွဲတွင်လည်း ပထမဆု ငွေကျပ် ၁၅ သိန်း၊ ဒုတိယဆု ငွေကျပ် ၁၀ သိန်း၊ တတိယဆု ငွေကျပ် ငါးသိန်း၊ စတုတ္ထမှ ဒသမဆုအထိ ငွေကျပ်နှစ်သိန်းစီ ချီးမြှင့်ပေးသွားမည်ဖြစ်သည်။

မန္တလေးမာရသွန်အတွက် စာရင်းသွင်းထားသည့် အပြေးသမားများအနေဖြင့် ဇန်နဝါရီ ၂၂ ရက်မှ ၂၃ ရက်အထိ  နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအထိ ဗထူးမိုးလုံလေလုံအားကစားကွင်းတွင်   ပြိုင်ပွဲဝင် ပစ္စည်းလာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။

 အဆိုပါ ၂၀၂၆ ရိုးမ-မန္တလေး အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ  ကျင်းပမည့်  ဇန်နဝါရီ ၂၄ ရက်တွင် ပြေးလမ်းကြောင်းအဖြစ်အသုံးပြုမည့် လမ်း  ၃၀  (၆၈ လမ်းနှင့် ၇၃ လမ်းကြား)၊ ၂၉ လမ်း (၆၈ လမ်းနှင့် ၇၃ လမ်းကြား)၊၂၈ လမ်း (၆၈ လမ်းနှင့် ၇၃ လမ်း ကြား)၊ ၇၃ လမ်း (လမ်း ၃၀ နှင့် ၂၆ လမ်း ကြား)၊၂၆ လမ်း (၆၆ လမ်းနှင့် လမ်း ၈၀ ကြား)၊ လမ်း ၈၀ (၂၆ လမ်းနှင့် ၁၂ လမ်းကြား)၊ ၁၂ လမ်း (လမ်း ၈၀ နှင့် ၆၆ လမ်းကြား)၊ ၆၆ လမ်း (၁၂ လမ်းနှင့် ၂၆ လမ်း ကြား)၊ ၇၁ လမ်း (၂၆ လမ်းနှင့် လမ်း ၃၀ ကြား) တို့ကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)