မန္တလေး ၁၉ ဖေဖော်ဝါရီ
(၈၇) ကြိမ်မြောက် မန္တလေးမြို့လုံးဆိုင်ရာ မဟာတမန်တော်နေ့ ကျင်းပရေး ဗဟိုကော်မတီက စီစဉ်ကျင်းပသည့် မဟာတမန်တော်နေ့ အထိမ်းအမှတ် ဆဌမအကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက မန္တလေး မဟာအောင်မြေမြို့နယ် လမ်း ၈၀ နှင့် ၃၅ x ၃၆ လမ်းကြားရှိ ပန်းသေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားကို မောင်လာနာ ဦးဇော်ခင်မှ ကျမ်းတော်မြတ်ကုရ်အန်မှ အာယတ်တော်ရွတ်ဖတ်၍ ဖွင့်လှစ်ပေးပြီး သဘာပတိ ဦးခင်မောင်သိန်း (တရားလွှတ်တော် ရှေ့နေ၊ ဒုညွှန်ကြားရေးမှူးငြိမ်း) က စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
အဆိုပါသွေးလှူဒါန်းပွဲတွင် အကြိမ် (၁၀ဝ) သွေးလှူရှင် ဦးချွတ္တား (ပုတီးစု) နှင့် သွေးလှူဒါန်းသည့် အဖွဲ့ပေါင်းစုံ၊ ဘာသာပေါင်းစုံမှ စေတနာရှင်၊ သွေးလှူရှင် (၁၄၀) ခန့် ပါဝင်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ခင်ခင်ဝင်း (ပညာရေး)


