mdn

သတင်းဆောင်းပါး - ညီမင်းတိုက်(ပညာရေး၊ တောင်တွင်း)

 

ကျွန်တော်တို့ အလယ်တန်းကျောင်းသားဘဝတုန်းက သင်ခဲ့ ရတဲ့ မျဉ်းဖြောင့်လေးတွေကို အားလုံးမှတ်မိကြမည် ထင်ပါသည်။ ထို"မျဉ်းဖြောင့်ရေးဆွဲသည့်အခါ ပေတံ တစ်ချောင်း၏ အကူအညီဖြင့် ရေးဆွဲရသည်။ သို့မှသာလျှင် မျဉ်းဖြောင့်တစ်ကြောင်း ရပါလိမ့်မည်။ ထို့အတူလူတစ်ယောက်ရဲ့ ဘဝ ဖြောင့်မတ်မှန်ကန်ဖို့အတွက် "စာရိတ္တ"ဆိုတဲ့ ပေတံနဲ့ တိုင်းတာရေးဆွဲရပါမည်။

 

"ကောင်းမွန်တဲ့ နှလုံးသားသည်ရွှေဖြစ်သည်"ဟု ကမ္ဘာ ကျော်စာရေးဆရာကြီး " ရှိတ်စပီးယား" က ပြောခဲ့ဖူးသည်။ ကျွန်တော်တို့ရဲ့ နှလုံးသားရွှေဖြစ်ဖို့ဆိုရင် စာရိတ္တ ကောင်းဖို့လိုသည်။ စာရိတ္တကောင်းလျှင် နှလုံးသား လှသည်။ နှလုံးသားလှလျှင် လူတစ်ယောက်ရဲ့ ဘဝ သည်လည်း အလိုလို လှပလာလိမ့်မည်။ စာရိတ္တပျက်စီးခြင်းဟာ လူ့တစ်ယောက်ရဲ့ ဘဝ ပျက်စီးခြင်း၏ လမ်းစ တစ်ခုပင်ဖြစ်သည်။ လူတစ်ယောက်၏ဘဝကို "အုတ်၊ သဲ၊ ကျောက် တို့ဖြင့် တည်ဆောက်၍ မရနိုင်ပါ။ စာရိတ္တနှင့် တည်ဆောက်မှသာလျှင် ခိုင်မာသော ဘဝတစ်ခုကို ရရှိမည် ဖြစ်သည်။

 

ယနေ့ခေတ်သည် သတင်းအချက်အလက်နည်းပညာခေတ်ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်လာပေမယ့် စိတ်ပိုင်းဆိုင်ရာကတော့ တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်လာ ခဲ့သည်။ မေတ္တာတရားတွေလည်း ခေါင်းပါးလာခဲ့သည်။ လူတို့၏ ရိုးရာယဉ်ကျေးမှုများ တစ်စတစ်စနဲ့ ပျက်ယွင်း လာပြီး" အတုမြင်အတတ်သင်" ဆိုသည့်အတိုင်း အယူ မှားကာ စာရိတ္တများပျက်စီးလာခဲ့ရသည်။ ထိုကဲ့သို့ စာရိတ္တ များ ပျက်စီးလာသော လူတစ်ယောက်သည် အဆိုးဘက် သို့ ကူးစက်သွားတတ်ကြသည်။ စာရိတ္တပျက်စီးခြင်းသည် ပတ်ဝန်းကျင်နှင့်လည်း သက်ဆိုင်သည်။ လူ့ဘောင် ပတ်ဝန်းကျင်တွင် လူအမျိုးမျိုးနှင့် ပေါင်းသင်းဆက်ဆံရ သည်။ လူတချို့က မြားနှင့်တူကြသည်။ များသည် အမြင်ဖြောင့်သော်လည်း အန္တရာယ်များလှသည်။ မြားနှင့်တူသော လူမျိုးကို ပေါင်းသင်းမိပါက မိမိ၏စာရိတ္တများပျက်စီးနိုင် သလို ဘေးအန္တရာယ်လည်း ကြုံရတတ်သည်။ အချို့ လူတွေ ကတော့ စောင်းနှင့်တူကြသည်။ အမြင်ကောက်သော်လည်း သာယာသော အသံပေးတတ်ကြသည်။

 

ထိုလူမျိုးများနှင့်ပေါင်းသင်း၍ မိမိ၏စာရိတ္တမဏ္ဍိုင်များအား ခိုင်ခံ့အောင်ပြုလုပ်ရမည်။ စောင်းနှင့်တူသော လူမျိုးကို ပေါင်းသင်း၍ မြားနှင့် တူသော လူမျိုးကို ရှောင်ရှားရမည်။ ကျွန်တော်တို့ ဘာကြောင့် ပညာ သင်ကြားကြသလဲ။ ကျွန်တော်တို့ မိဘတွေက ဘာကြောင့် စာသင်ကျောင်းကို ပို့ကြသလဲ၊ စဉ်းစားကြည့်ပါ။ ကလေးဆိုတာ သစ်ပင် တစ်ပင်နဲ့တူသည်။ ဆရာ ဆရာမတွေကတော့ ဥယျာဉ်မှူးပေါ့။ သစ်ပင်တစ်ပင် ရှင်သန်ကြီးထွားဖို့အတွက် ရေလောင်း ပေါင်းသင်လုပ်ပေးရသလို ကလေးငယ်တွေဘဝ မြင့်မား စေဖို့အတွက် လည်း ဆရာ ဆရာမတွေက ဆုံးမပြုပြင် ပေးရသည်။ ကလေးငယ်တွေမှာရှိနေတဲ့ စရိုက်ကောင်း၊ စရိုက်ဆိုး တွေက အသီးအပွင့်များဖြစ်သည့်အတွက် စရိုက်ဆိုးတွေကို ခြွချေ၍ စရိုက်ကောင်းတွေ ဖူးပွင့်ဝေဆာလာအောင် ဆရာ ဆရာမတွေက ဆုံးမပြုပြင်ပေးရသည်။ ဒါမှသာလျှင် စာရိတ္တ ကောင်းမွန်တဲ့ လူတော်လူကောင်းလေးတွေ ဖြစ်လာမှာပါ။

 

ဆရာကြီးဦးအောင်သင်း ပြောခဲ့ဖူးပါသည်။ တာဝန် သိခြင်းသည် ကိုယ်ကျင့်တာဝန်ယူရဲခြင်းသည် သတ္တိ"၊ "တာဝန်ထမ်းဆောင်နိုင်ခြင်းသည် စွမ်းရည်တဲ့။ စာရိတ္တ နှင့်အတူ စွမ်းရည်ထက်မြက်မှုကလည်း အရေးကြီးလှ ပါသည်။ လူတစ်ယောက်ဟာ တော်နေရုံနဲ့ မပြီးသေးပါ ဘူး။ ကောင်းအောင်လည်း ကြိုးစားရမည်။ "လူတော် လူကောင်းဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ကြိုးစားရမည်။ စိတ်ခွန်အားဖြစ်စေတဲ့ စာပေတွေကို ရှာဖွေဖတ်ရှုရမည်။ စာပေမှ ဘဝဆီသို့ရောက်အောင် သွားရမည်။

 

ကျွန်တော်တို့အားလုံးသည် "ဘဝ" ဆိုတဲ့ သင်ပုန်း ပေါ်တွင် မျဉ်းဖြောင့်ရေးဆွဲနေသူများ ဖြစ်ကြပါသည်။ စာရိတ္တကောင်းမွန်သူတို့သည် မျဉ်းဖြောင့်ရေးဆွဲနေသူ များဖြစ်ပြီး ကိုယ်ကျင့်တရားပျက်ယွင်း၍ စာရိတ္တဖောက်ပြန် သူတို့သည် မျဉ်းကောက်ရေးဆွဲနေသူများသာ ဖြစ်ပါတော့ သည်။ ဘဝသမိုင်းလှပစေဖို့အတွက် ကျွန်တော်တို့အားလုံး မျဉ်းကောက်များကို မရေးခြစ်မိအောင် ကြိုးစားကြပါစို့လို့ တိုက်တွန်းလိုက်ပါရစေခင်ဗျာ။ ။