မတ္တရာ ၅ ဇွန်
ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် မန္တလေး-မိုးကုတ် ကားလမ်းတွင် ဇွန် ၄ ရက်နေ့ မွန်းလွဲပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားသဖြင့် ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ မတ္တရာမြို့မစခန်းမှ တာဝန်ရှိသူများသည် ယာဉ်တိုက်မှု ဖြစ်ပွားရာသို့ သွားရောက်စစ်ဆေးရာ မိုင်တိုင်အမှတ်(၁၁/၁)နှင့် (၁၁/၂)ကြား တွင် မန္တလေးဘက်မှ မိုးကုတ်ဘက်သို့ ယာဉ်မောင်း ထွန်းနိုင်ဦး(၄၅)နှစ် မောင်းနှင်လာသည့် အမှတ်(၉)လိုင်း ခရီးသည်တင်ယာဉ်သည် မန္တလေးဘက်သို့ ယာဉ်ကြောအမှန်အတိုင်း ကိုရဲအောင် မောင်းနှင်လာသည့် ထော်လာဂျီအား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့ပြီးနောက် ထော်လာဂျီနောက်တွင် ကပ်၍ စီးနင်းမောင်းနှင်လာ သော မော်တော်ဆိုင်ကယ်အား ထပ်ဆင့်တိုက်မိမှုဖြစ်ပွားခဲ့ရာ အမှတ်(၉)လိုင်း ယာဉ် မောင်း ထွန်းနိုင်ဦး၊ ထော်လာဂျီယာဉ်မောင်း ကိုရဲအောင်၊ ဆိုင်ကယ်မောင်းနှင်သူ မျိုးလှိုင်ဝင်း၊ ခရီးသည်များဖြစ်သည့် ဒေါ်ဝါဝါဆွေ၊ ဒေါ်ရီရီဝင်းနှင့် မသင်းသင်းမြတ်တို့မှ ဒဏ်ရာများအသီးသီး ရရှိခဲ့သဖြင့် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသစေခဲ့သည်။
အဆိုပါဖြစ်စဉ်တွင် ယာဉ်အား မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းထွန်းနိုင်ဦးအား မတ္တရာမြို့မစခန်းမှ အမှုဖွင့် စစ်ဆေးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)


