နေပြည်တော် ၁ အောက်တိုဘာ

           

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ စက်တင်ဘာ ၂၇ ရက်နှင့် ၂၉ ရက်တို့တွင် ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်း ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ဆင်ရွာကြီးကျေးရွာနှင့် မြစ်ကမ်းကျေးရွာ အနီးဝန်းကျင်နေရာများမှ တရားမဝင်အင်သစ် (၁၁ ဒသမ ၆၂၆၀) တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော ပြစ်မှုကျူးလွန်သူများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။

           

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ်၊ မြေလင်းကျေးရွာ၊ စက်စုရပ်ရှိ နေအိမ်ခြံဝင်းအတွင်းမှ တရားမဝင်ကျွန်းခွဲသားဆိုဒ်စုံ (၆ ဒသမ ၆၅၀ဝ)တန်အား ပြစ်မှုကျူးလွန်သူ (၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

မောင်လူမော်

 

1