မုံရွာ ၁၈ ဖေဖော်ဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်အတွင်းရှိ မုံရွာ၊ အရာတော်၊ ချောင်းဦးနှင့် ဘုတလင်မြို့နယ်အတွင်း အခြေခံ ပညာကျောင်းများတွင် ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်အတွက် စတုတ္ထတန်း စာစစ်ဌာန (၅၅၄)ခု၊ အဌမတန်း စာစစ်ဌာန (၂၂၄)ခု စုစုပေါင်း စာစစ်ဌာန (၇၇၈)ခု၌ ကျောင်းသား ကျောင်းသူ (၂၂၈၅ဝ) ဦးတို့သည် ယနေ့မှ စတင်ပြီး စာမေးပွဲများ စတင်ဖြေဆိုလျက်ရှိကြောင်း မုံရွာခရိုင် အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

 

၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် မြို့နယ်အလိုက် ဖြေဆိုမှုအနေဖြင့် မုံရွာမြို့နယ်တွင် စတုတ္ထတန်း စာစစ်ဌာန (၁၉ဝ)ခု၊ အဋ္ဌမတန်း စာစစ်ဌာန (၇၉)ခု စုစုပေါင်း စာစစ်ဌာန (၂၆၉)ခု၌ ကျောင်းသား ကျောင်းသူ (၁ဝ၅ဝ၁)ဦး၊ ဘုတလင်မြို့နယ်တွင် စတုတ္ထတန်း စာစစ်ဌာန (၁၃၇)ခု၊ အဌမတန်း စာစစ်ဌာန(၅၉)ခု စုစုပေါင်း စာစစ်ဌာန (၁၉၆)ခု၌ ကျောင်းသား ကျောင်းသူ (၄၃ဝ၃)ဦး၊ ချောင်းဦးမြို့နယ်တွင် စတုတ္ထတန်း စာစစ်ဌာန (၇၉)ခု၊ အဋ္ဌမတန်း စာစစ်ဌာန (၂ဝ)ခု စုစုပေါင်း စာစစ်ဌာန(၉၉)ခု၌ ကျောင်းသား ကျောင်းသူ (၂၉၅၇)ဦး၊ အရာတော်မြို့နယ်တွင် စတုတ္ထတန်း စာစစ်ဌာန (၁၄၈)ခု၊ အဋ္ဌမတန်း စာစစ်ဌာန (၆၆)ခု စုစုပေါင်း စာစစ်ဌာန (၂၁၄)ခု၌ ကျောင်းသား ကျောင်းသူ (၅ဝ၈၉)ဦး ဖြေဆိုလျက်ရှိကြောင်း သိရသည်။

 

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် မုံရွာခရိုင်အတွင်းရှိ မြို့နယ် (၄)ခုတွင် စတုတ္ထတန်း စာစစ်ဌာန (၁၁၇)ခု၌ ကျောင်းသား ကျောင်းသူ (၁၂၂၁၅)ဦး၊ အဌမတန်း စာစစ်ဌာန(၅၉)ခု၌ ကျောင်းသား ကျောင်းသူ (၁ဝ၈၆၉)ဦး၊ စုစုပေါင်း စာစစ်ဌာန (၁၇၆)ခု၌ ကျောင်းသား ကျောင်းသူ (၂၃ဝ၈၄)ဦး ဖြေဆိုခဲ့ကြောင်း မုံရွာခရိုင် အခြေခံပညာ ဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)