မူဆယ် ၂၇ အောက်တိုဘာ

 

ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ တုန်ခမ်ကျေးရွာအနီး မူဆယ်-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယနေ့ ညနေ ၄ နာရီခန့်က မူဆယ်မှ မန္တလေးသို့ မောင်းနှင်လာသော FUSO (၁၂)ဘီး (ခဲရောင်) ယာဉ်သည် ယာဉ်များကို ကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ လားရှိုးမှ မူဆယ်သို့ မောင်းနှင်လာသော NISSAN (၆)ဘီး (အဖြူရောင်)ယာဉ်အား မျက်နှာချင်းဆိုင်တိုက်မိမှု ဖြစ်ပွားကြောင်း သိရသည်။

 

1

 

ဖြစ်စဉ်ဖြစ်ပွားရာသို့ မူဆယ်ခရိုင်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်(၁၂)ဦး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီးတို့ဖြင့် သွားရောက်၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ NISSAN (၆)ဘီး (အဖြူရောင်)ယာဉ် ခေါင်းခန်းအတွင်း ညပ်နေသော ယာဉ်နောက်လိုက်အား (၁၆း၂၅)အချိန်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး ဂရုဏာလူမှုကယ်ဆယ်ရေးယာဉ်ဖြင့် မူဆယ်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

MDN