မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် မတ် ၂၈

ဗန်းမော်မြို့၊ ဝိုင်းမော်မြို့နှင့် နောင်ချိုမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၇ ရက် မွန်းတည့် ၁၂ နာရီတွင် ဗန်းမော်မြို့ အောင်သာရပ်ကွက်ရှိ နိုင်ဝင်း(ခ)အငယ်လေး ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ရေမွန် အား တွေ့ရှိပြီး စိတ်ကြွရူးသွပ်‌ဆေးပြား ၁,၈၇၅ ပြားနှင့် ဘိန်းဖြူ သုည ဒသမ ၀၃ ကီလို ကိုလည်းကောင်း၊  အလားတူ ယင်းနေ့ ညနေ ၃ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝိုင်းမော်မြို့ ရပ်ကွက်(၂)ရှိ ဘရန်နန်(ခ) ဘရန်အောင် ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၂၂၀ ကိုလည်း ကောင်း၊ ထို့အတူ မတ် ၂၆ ရက် ညနေ ၅ နာရီတွင်  မူးယစ်ဆေးဝါး တားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ် တောင်ရှည် ကျေးရွာအုပ်စု မကျည်းရေကျေးရွာ ဒုဌဝတီတံတားအနီးတွင် ဟန်နု မောင်းနှင်ပြီး မဖော်လွန်ကိုင်နူး လိုက်ပါလာသည့် TOYOTA NOAH အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၂,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ  အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်