နေပြည်တော် ၁၀ စက်တင်ဘာ

 

ယနေ့ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်ခန့်က ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြဝတီ-ကော့ကရိတ်သွား အာရှကားလမ်း၊ မိုင်တိုင်အမှတ် (၁၅၈)မိုင်နှင့် (၁၅၉)မိုင်ကြားတွင် YUTONG အမျိုးအစား(အနီရောင်) ခရီးသည်တင်ယာဉ် (၁)စီး တိမ်းမှောက်မှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကာ ၃၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

ယာဉ်တိမ်းမှောက်ရာနေရာသို့ မြဝတီခရိုင် မီးသတ်တပ်ဖွဲ့မှူးဦးစီး၍ သင်္ဃန်းညီနောင်နယ်မြေစခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပြီး အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည် အမျိုးသား (၄)ဦး၊ အမျိုးသမီး (၃၃)ဦး စုစုပေါင်း (၃၇)ဦးအနက် အမျိုးသမီး (၁)ဦး သေဆုံးခဲ့ကာ ကျန် (၃၆)ဦးမှာ ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိသဖြင့် သင်္ဃန်းညီနောင်ကျေးရွာရှိ လူမူကယ်ဆယ်ရေးအသင်းမှ ယာဉ်များဖြင့် မြဝတီခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

MDN 
ဓာတ်ပုံ- မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့