ဝါရှင်တန် ဩဂုတ် ၁၀
နာဆာ၏ SpaceX Crew-10 မစ်ရှင်မှ အာကာသယာဉ်မှူးများသည် နိုင်ငံတကာ အာကာသစခန်း (ISS) တွင် ငါးလကြာတာဝန်ထမ်းဆောင်ပြီးနောက် ဩဂုတ် ၉ ရက်တွင် ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
အာကာသယာဉ်မှူးလေးဦး တင်ဆောင်လာသော SpaceX Dragon အာကာသယာဉ်သည် ဩဂုတ် ၉ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၃၃ မိနစ်တွင် ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယေဂို ကမ်းလွန်သို့ ရောက်ရှိခဲ့သည်။
ပြန်လည်ရောက်ရှိလာသည့် အာကာသယာဉ်မှူးများမှာ နာဆာမှ အာကာသယာဉ်မှူး အန်နီမက်စ် ကလိန်းနှင့် နီခိုလီအေယာစ်၊ ဂျပန်အာကာသအေဂျင်စီ မှအာကာသယာဉ်မှူး တာကူယာအိုနီရှီနှင့် Roscos- mos အာကာသကော်ပိုရေးရှင်းမှ အာကာသယာဉ်မှူး ကီရီပက်စ်ကော့ဗ်တို့ဖြစ်သည်။
နိုင်ငံတကာအာကာသစခန်းတွင် နေထိုင်စဉ်အတွင်း အာကာသအတွင်း လမ်းလျှောက်ခြင်းနှင့် လျှပ်စီးကြောင်းကြည့်ရှုခြင်းမှအစပြုပြီး အဏုကြည့်ခြင်းဆိုင်ရာလေ့လာမှုများအထိ စမ်းသပ်မှုများစွာကို ဆောင်ရွက်ခဲ့ကြောင်း နာဆာက ပြောကြားသည်။
အဆိုပါမစ်ရှင်သည် နာဆာနှင့် SpaceX တို့ပူးပေါင်းဆောင်ရွက်သည့် (၁၀) ကြိမ်မြောက် နိုင်ငံတကာအာကာသစခန်းသို့ သွားရောက်သည့် မစ်ရှင်ဖြစ်သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


