ဗန်မောက် ၉ မတ်     


စစ်ကိုင်းတိုင်းဒေကြီး ဗန်းမောက်မြို့နယ် လယ်နက်ကြီးကျေးရွာအုပ်စု ပေကုန်းကျေးရွာနှင့် ဗန်းမောက်မြို့ ဆက်သွယ်သည့် လမ်းမကြီးပေါ်ရှိ နားတိုင်းဖန်း မြောင်းကူးသစ်သားတံတားကို ကျောက်ရိုးစီ သံကူကွန်ကရစ် ကြမ်းခင်းတံတားအဖြစ် တိုင်းဒေသကြီးအစိုးရ ထောက်ပံ့ငွေဖြင့် ဗန်းမောက်မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက အဆင့်မြှင့်တင် တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


အဆိုပါတံတားမှာ ပေကုန်းရွာမှ ဗန်းမောက်မြို့သို့သွားရာ လမ်းမကြီးပေါ်ရှိ နားတိုင်းဖန်းမြောင်းကူးတံတားဖြစ်ပြီး ကျေးရွာနေပြည်သူများ နေ့စဉ်ဖြတ်သန်း အားထားသွားလာနေကြရသော သစ်သားတံတားဖြစ်သည်။ 

ယခုအခါ အဆိုပါတံတားမှာ ပျက်စီးနေ၍ သွားလာရာတွင် အခက်အခဲကြုံတွေ့နေရသော တံတားဖြစ်နေ၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ ထောက်ပံ့ငွေ ၉ ဒသမ ၆၀ သန်း ခွင့်ပြုငွေဖြင့် ၃ မီတာ × ၅.၄၉ မီတာရှိ ကျောက်ရိုးစီ၊ သံကူကွန်ကရစ်ကြမ်းခင်း တံတားဖြစ်မြောက်ရေးကို ယခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်မှ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း လယ်နက်ကြီးကျေးရွာအုပ်စု ဥက္ကဋ္ဌ ဦးအောင်အောင်က ပြောသည်။ 


ကိုမင်း(အင်းတော်)

 

1