စောမွန်ငါး (စက်မှု)

ဆီအသုံးပြုမှုစတင်ခဲ့ပုံ

ဆီ (တစ်နည်းအားဖြင့်)   လူများ စားသုံးလျက်ရှိသည့်      ဟင်းချက်ဆီ၊ စားသုံးဆီများအား တိရစ္ဆာန်၊ အပင် (သို့မဟုတ်) ဓာတုဗေဒဖြင့် ပြုပြင်ထား သည့် အဆီတို့မှ ထုတ်လုပ်ရရှိပြီး စတင် အသုံးပြုခဲ့သည့် အချိန်ကာလကို လေ့လာ ကြည့်ရာတွင် ဘီစီ ၂၅၀၀၀၀  ဝန်းကျင် ခန့်မှ အစပြုခဲ့ကြောင်းကို သိရှိရပါသည်။ လူသားများ မီးစတင်ထုတ်လုပ်အသုံး ပြုပုံကို   သိရှိခဲ့ပြီးနောက်  ရှေးလူများ အနေဖြင့် ၎င်းတို့ချက်နေသည့်   တိရစ္ဆာန် အသားမှ သဘာဝအလျောက် အဆီများ ထွက်ရှိလာသည်ကို တွေ့ရှိခဲ့ခြင်းမှ ဆီ အသုံးပြုမှု     စတင်ခဲ့ခြင်းဖြစ်ပါသည်။ ယင်းအပြင်     ချက်ပြုတ်ရန်အတွက် ကျောက်တုံး၊ ရွှံ့နှင့် အခြားသောပစ္စည်း များမှ မြေထည်ပစ္စည်းများကို   ပြင်ဆင် လာကြသကဲ့သို့     တစ်ချိန်တည်းမှာပင်  ရှေးလူကြီးများက     တိရစ္ဆာန်မှရသည့်   ဆီအပူများကို   ပြာများဖြင့် ရောစပ်၍  ဆပ်ပြာအဖြစ်   အသုံးပြု၍ရသည်ကို ရှာဖွေတွေ့ရှိခဲ့သည့်    အချိန်လည်းဖြစ်ပေ သည်။ ၁၉ ရာစုတွင် တိရစ္ဆာန်မှရသော ဆီများဖြင့်     ချက်ပြုတ်စားသုံးခဲ့သည့်   လူသားများအနေဖြင့်    နှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်ပွားခြင်းမှာ  (အစေ့ အဆန်မှရသော     ဆီများအသုံးပြုချိန် မတိုင်မီထိ)  မရှိသလောက်      နည်းပါး သည်ကို အံ့ဖွယ်သိရှိခဲ့ရပေသည်။ 

သုတေသနပြုမှုများအရ လူသားတို့ အနေဖြင့် ချက်ပြုတ်ရန်အတွက် ဆီ အသုံးမပြုမီကပင်       မီးကင်သည့် နည်းလမ်းဖြင့်     စားသုံးခဲ့ကြကြောင်း လေ့လာသိရှိရပါသည်။      လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာကပင်  အသား များအား မီးကင်၍ စားသုံးသည့်နည်းလမ်း မှာ    ပထမဆုံးသောချက်ပြုတ်နည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ 

လူများအနေဖြင့် ပြည့်ဝဆီ၊  အစေ့ အဆန်မှ    ရရှိသောအဆီ၊    ဟင်းသီး ဟင်းရွက်ဆီ စသည်ဖြင့် ဆီအမျိုးမျိုးကို  အသုံးပြုလျက်ရှိရာ ယနေ့ကာလအတွင်း ကျန်းမာရေးနှင့်ညီညွတ်ပြီး     အများ အသုံးပြုလျက်ရှိသည့်     နေကြာဆီ ထုတ်လုပ်မှုကို လေ့လာတင်ပြလိုက်ပါ သည်။

နေကြာဆီထုတ်လုပ်မှုလုပ်ငန်းစဉ် 

နေကြာစေ့မှာ  ၄၅ ရာခိုင်နှုန်းမှ   ၅၄ ရာခိုင်နှုန်း အဆီပါဝင်မှုရှိသည့် ဆီထွက် သီးနှံတစ်မျိုးဖြစ်ပြီး ရွှေရောင်အဆင်း၊ ကြည်လင်ပြီး     အနံ့အရသာရှိသည့် နေကြာဆီမှာ     လူကြိုက်များသည့် စားသုံးဆီတစ်မျိုးလည်း   ဖြစ်ပါသည်။ နေကြာဆီတွင် Linoleic Acid နှင့် မရှိ မဖြစ်လိုအပ်သည့် မပြည့်ဝအဆီအက်စစ် (Monounsaturated  Fatty Acid-MUFA) တို့ များစွာပါဝင်ပါသည်။ နေကြာ ဆီသည်     အသားအရေကျန်းမာမှုကို ကာကွယ်ရန်အတွက်           လူ့ဆဲလ်များ ပြန်လည်ဖြစ်ပွားမှုကို မြှင့်တင်ပေးပြီး သွေးထဲရှိ       ကိုလက်စထရောများ ထွက်ခြင်းကိုလည်း     လျှော့ချပေးသည့် အဆင့်မြင့်  အာဟာရအဆီ  တစ်မျိုးပင် ဖြစ်ပါသည်။   နေကြာဆီထုတ်လုပ်သည့်    အဓိက      ထုတ်လုပ်မှုလုပ်ငန်းစဉ်ကို မိတ်ဆက်တင်ပြလိုပါသည်။ 

နေကြာစေ့များအား Pretreatment နှင့် 
Pre-Pressing ဆောင်ရွက်ခြင်းကဏ္ဍ

နေကြာစေ့သည်      အဆီပါဝင်မှု မြင့်မားသဖြင့်    နေကြာဆီပြုလုပ်ရန် အတွက်   Pre–Pressing  ကဏ္ဍမှာ မရှိမဖြစ်လိုအပ်ပါသည်။      စက်ပစ္စည်း များဖြင့်နေကြာစေ့များကို အကောင်းဆုံး အခြေအနေရအောင်  ချိန်ညှိပြီးနောက်  နေကြာဆီ   စစ်ထုတ်သည့်အပိုင်းသို့ ရောက်ရှိရန်အတွက်     Pre-Pressing ဆောင်ရွက်ရခြင်းပင်     ဖြစ်ပါသည်။ နေကြာစေ့များကို သန့်စင်၍ အခွံချွတ် ခြင်း၊ အစေ့အဆန်နှင့် အခွံကွဲပြားအောင်   ဆောင်ရွက်ခြင်း၊     အဆင်သင့်ချက်နိုင် သည့် အနေအထားဖြစ်စေရန်  Flaking ပြုလုပ်ခြင်း၊ ချက်ပြုတ်ခြင်းတို့   ဆောင် ရွက်ပြီးနောက် Pre-Pressing အဆင့်ကို ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ 

နေကြာဆီ စစ်ထုတ်သည့်ကဏ္ဍ

နေကြာဆီစစ်ထုတ်သည့်   ကဏ္ဍ အနေဖြင့် Pre-Pressing ဆောင်ရွက် ပြီးနောက်  ရရှိလာသည့်   နေကြာစေ့ ကြိတ်ဖတ် (Sunflower Seeds Cakes) များမှ အဆီအများဆုံး ထုတ်ယူရာတွင် အသုံးပြုခြင်းဖြစ်ပါသည်။ စစ်ထုတ်ယူ သည့်စက်များ        ကောင်းမွန်သည့် အလျောက်         ကြိတ်ဖတ်များတွင် တစ်ရာခိုင်နှုန်းနှင့်အောက်  ကျန်သည် အထိ ထုတ်ယူနိုင်ပါသည်။ 

နေကြာဆီသန့်စင်သည့်ကဏ္ဍ

အဆီညှစ်ထုတ်ကာ   အဆင့်ဆင့် ဆောင်ရွက်လာပြီး ရရှိလာသည့် သန့်စင် ခြင်းမရှိသေးသော သဘာဝနေကြာဆီကို   Refiner ဖြင့်  ပရိုတင်း၊ ဖော့စဖိုလစ်ပဒ်၊ ဆိုးဆေးအရောင်ဓာတ်၊        ဖယောင်း စသည့်အန္တရာယ်ရှိ အညစ်အကြေးများ၊ အသုံးမဝင်သည့်   ပါဝင်ပစ္စည်းများနှင့်   အခြားသော    အညစ်အကြေးများကို ဖယ်ထုတ်ကာ    အစားအသောက်နှင့် သိမ်းဆည်း၍ရနိုင်သည့်     စံနှုန်းအထိ ရောက်ရှိအောင် သန့်စင်ပေးပါသည်။ 

နိဂုံး

အချုပ်ဆိုရသော်       သန့်စင်ပြီး    နေကြာဆီမှ ကိုလက်စထရောထွက်ရှိမှု ကို လျှော့ချပေးနိုင်သဖြင့် နှလုံးကျန်းမာ ရေးကို တိုးတက်စေခြင်း၊   အသားအရေ၊  ဆံသားကျန်းမာရေးကို   ကောင်းမွန်ပြီး ကိုယ်ခံအားစနစ်ကို   တိုးတက်စေခြင်း၊   အဆစ်ရောင်ခြင်းနှင့်  ပန်းနာရင်ကျပ်ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ခြင်း   စသည့်     အကျိုးကျေးဇူးများရရှိနိုင် ကြောင်းကို လေ့လာတွေ့ရှိရပါသည်။ သို့သော်  အသုံးပြုပြီး  နေကြာဆီကို   အကြိမ်ကြိမ်   အဖန်ဖန်   ထပ်ခါတလဲ အသုံးပြုမည်ဆိုပါက   ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည်ကိုလည်း    လေ့လာ သိရှိရပါသည်။   သို့ဖြစ်၍    တန်ဆေး လွန်ဘေးဆိုသည့်အတိုင်း      သင့်တင့် လျောက်ပတ်စွာ  စားသုံးခြင်းဖြင့်  မိမိ၏ ကျန်းမာရေး၊ မိသားစုများ၏ ကျန်းမာ ရေးကို  အသိ၊  သတိဖြင့်  ကာကွယ် စောင့်ရှောက်ကာ သက်ရှည်ကျန်းမာစွာ နေထိုင်သင့်ပါသည်။        ။

ကိုးကားနှင့် ဓာတ်ပုံ - Internet