နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော် စက်တင်ဘာ ၅

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ  ဩဂုတ်၂၈ရက်မှစက်တင်ဘာ ၂ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၄၅ဒသမ၅၉၃၀) တန်၊ သစ်မာ(၇ဒသမ၅၆၄၆)တန်၊ အခြား (၂၇ဒသမ၁၂၉၄)တန်၊ စုစုပေါင်း (၁၈၀ဒသမ၂၃၃၀) တန်၊ ယာဉ်/ ယန္တရား (၁၄)စီး၊ တရားခံ (၃၆)ဦး ဖမ်းဆီးရမိခဲ့ကြောင်း ဿစ်တောဉီးစီးဌာနမှ သိရသည်။

သတင်းစဉ်