နေပြည်တော် ဒီဇင်ဘာ ၈

 

ပြည်သူများအနေဖြင့် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဖြစ်သော ဆန္ဒမဲပေးနိုင်စေရေးအတွက် ရွေးကောက်ပွဲနှိုးဆော် အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစကာစိုက်ထူခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ပုဗ္ဗသီရိမြို့နယ် နေပြည်တော် ခုတင်(၃၀၀) ပြည်သူ့ဆေးရုံအနီး၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင် ဦးမင်းဦး နှင့် နေပြည်တော်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်စိုးဝင်းတို့က “ဒို့အတူတူ မဲပေးကြမယ်မြေစိုက်ပိုစကာကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာသူများအား ရွေးကောက်ပွဲဆိုင်ရာ မဲဆန္ဒရှင်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကာ ဘင်ခရာနှင့် ပန်းဖွားအဖွဲ့အတွက် ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။

 

မှာကြား

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပုဗ္ဗသီရိမြို့နယ်အတွင်း ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်စေရန် မဲစာရင်းတွင် ပါသင့်သူများ မကျန်ရှိစေရေးနှင့် မပါဝင်သင့်သူများ ပါဝင်နေမှုမရှိစေရေး၊ အသက် (၁၈) နှစ်နှင့်အထက် စာရင်းအချက်အလက်များ ပြည့်စုံမှန်ကန်ရန်အတွက် ရပ်ကွက်၊ ကျေးရွာများသို့ တစ်အိမ်တက်ဆင်း မဲစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

ထွန်းလင်း(ဇေယျာမြေ)