နေပြည်တော်   ၂၄   အောက်တိုဘာ

 

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ် ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။

 

 

ထိုသို့ ဆောင်ရွက်လျက်ရှိရာ  အောက်တိုဘာ ၁၄ မှ ၂၀ ရက် အထိ နေပြည်တော် ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၀၈ ဒသမ ဝ၆၀ဝ) တန်၊ သစ်မာ(၄၈ ဒသမ ၄၂၄၁)တန်၊ အခြား(၁၅၆ ဒသမ ၆၉၂၀)တန်၊ စုစုပေါင်း(၃၁၃ ဒသမ ၁၇၆၁) တန်၊ ပြစ်မှုကျူးလွန်သူ (၅၇)ဦး၊ ယာဉ်/ယန္တရား(၂၇)စီး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

 

(သတင်းစဉ်)