နေပြည်တော် အောက်တိုဘာ ၂၆
နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာ၌ တောင်သူတွေ့ဆုံပွဲနှင့် သီးထပ်စိုက်ပျိုးနိုင်ရေး အနိမ့်တင်ဆိုလာပန့်များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းက ဘဲကုန်းကျေးရွာ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်၊ သီးနှံများအထွက်နှုန်း ကောင်းမွန်ရန်အတွက် မျိုးကောင်းမျိုးသန့်များ သုံးစွဲစိုက်ပျိုးခြင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး အတွက် သဘာဝမြေဩဇာများ အပြည့်အဝထည့်သွင်း အသုံးပြုခြင်း၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများ ထည့်သွင်းအသုံးပြုခြင်း၊ သီးနှံပင်ကြွင်းကျန်များထည့်သွင်း အသုံးပြုခြင်း၊ ဓာတ်မြေဩဇာများကို အချိန်ကိုက် အချိုးကျအသုံးပြုခြင်း၊ စိုက်ပျိုးနည်းစနစ်များကို မှန်မှန်ကန်ကန်လိုက်နာမှသာ ပန်းတိုင်အထွက်နှုန်း ရရှိမည်ဖြစ်ပါကြောင်း၊ နေပြည်တော်အတွင်း သီးထပ်စိုက်ပျိုးနိုင်ရေး၊ မိုး၊ ဆောင်း၊ နွေ ရာသီပြည့် စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ သီးထပ်စိုက်ပျိုးနိုင်ရန်အတွက် ပြုပြင်ခြင်းနှင့် ထိန်းသိမ်းလည်ပတ်ခြင်းလုပ်ငန်းများ၊ မြေအောက်ရေစက်ရေတွင်းများ တူးဖော်ခြင်း၊ ဆိုလာစနစ် ပြောင်းလဲတပ်ဆင်ခြင်း၊ ယာယီချောင်းပိတ်ဆည်များ တည်ဆောက်ခြင်း၊ ဆိုလာနှင့် လျှပ်စစ်ရေတင်စနစ်များ တည်ဆောက်ခြင်း၊ ကျေးလက်ထိန်းဆည်များပြုပြင်ခြင်း၊ သဘာဝ ဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန် ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက် သွားရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက ဒေသစိုက်ပျိုးရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင်များက တောင်သူများထံ အနိမ့်တင် ဆိုလာပန့်များ လွှဲပြောင်းပေးအပ်ကာ အနိမ့်တင် ဆိုလာပန့်ဖြင့် စိုက်ပျိုးရေပေးဝေနေမှုကို ကြည့်ရှု အားပေးသည်။
ယင်းနောက် ဘောဂသိဒ္ဓိရပ်ကွက်၌ လူပျိုဆောင်နှင့် အမှုထမ်းအိမ်ရာများ တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအမြန် ပြီးစီးအောင်ဆောင်ရွက်ရေး၊ လုပ်သားအင်အား တိုးမြှင့်ဆောင်ရွက်ရေး၊ သဘာဝဘေးအန္တရာယ်များ ခံနိုင်ရည်ရှိအောင် သတ်မှတ်စံချိန်စံညွှန်းနှင့် ပြည့်မီအောင်ဆောင်ရွက်ရေးတို့ကိုမှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)


