နေပြည်တော်   ဒီဇင်ဘာ  ၂၀ 

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး‌‌ရေးဝန်ကြီးဌာန ပြည်ထောင်စုနယ်မြေ နေပြည်တော် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ခရိုင်/မြို့နယ်များမှ ဝန်ထမ်းများ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေလွယ်ကူစေပြီး စွမ်းဆောင်ရည်မြင့်မား‌စေရန် ရည်ရွယ်၍ အင်ဂျင်နီယာမွမ်းမံသင်တန်း အမှတ်စဉ်(၂) ဖွင့်ပွဲကို ဒီဇင်ဘာ(၁၉)ရက် နံနက်ပိုင်းက အဆိုပါ တိုင်းဒေသကြီး အစည်းအဝးခန်းမ၌ ကျင်းပခဲ့သည်။

 

အဆိုပါ အင်ဂျင်နီယာမွမ်းမံသင်တန်း အမှတ်စဉ်(၂) သို့ နေပြည်တော် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ခရိုင်/မြို့နယ်များမှ သင်တန်းသား သင်တန်းသူ (၁၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်း‌တွင် GIS၊ ရေအရည်အသွေးစစ်ဆေးခြင်း၊ Hydraulic Profile ရေးဆွဲနည်း၊ Quality Control နှင့် Work done စစ်ဆေးခြင်း ၊ Estimate တွက်ချက်ခြင်း စသည့် အင်ဂျင်နီယာ ဘာသာရပ်များကို ကျွမ်းကျင် ဆရာ/ဆရာမများက ဒီဇင်ဘာလ (၁၉)ရက်နေ့မှ ဒီဇင်ဘာလ (၂၃)ရက်အထိ (၅) ရက်ကြာ ပို့ချသွားမည်ဖြစ်ကြောင်း နေပြည်တော် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ထံမှသိရှိ ရသည်။

 

မောင်ခိုင်