၇ အောက်တိုဘာ

 

 

အာဖဂန်နစ္စတန်နိုင်ငံ၏ အကြမ်းဖက်အုပ်စု ဖြစ်သည့် တာလီဘန် အဆင့်မြင့် အရာရှိတစ်ဦးက စေ့စပ်ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် အမေရိကန်နိုင်ငံကို မေတ္တာရပ်ခံပြောကြားခဲ့သည်။

 

 

တာလီဘန် ပြောရေးဆိုခွင့်ရှိသူ စူဟဲလ် ချာဟီ က တံခါးဖွင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ကြောင်း သတင်းထောက်များကို ယမန်နေ့က ပြောကြားခဲ့သည်။

 

 

၎င်းတာလီဘန်အုပ်စုသည် ရုရှား၊ တရုတ်၊ အီရန်နှင့် ပါကစ္စတန် နိုင်ငံတို့မှ အစိုးရ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြကြောင်းနှင့် အမေရိကန်နိုင်ငံ အနေဖြင့် ဆွေးနွေးပွဲများ ပြန်လည်ကျင်းပသင့်သည်ဟု ၎င်းတို့အားလုံး က သဘောတူညီခဲ့ကြကြောင်း  စူဟဲလ် ချာဟီ က ပြောကြားခဲ့သည်။

 

 

အဆိုပါ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်လည်စတင်ရေးနှင့် ပတ်သက်ပြီး တာလီဘန် ဆွေးနွေးပွဲအဖွဲ့ဝင်လူကြီးများနှင့် ပါကစ္စတန်နိုင်ငံရှိ အမေရိကန် ကိုယ်စားလှယ်တစ်ဦးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နှင့် ယင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပဖို့ရာ ဖြစ်နိုင်ခြေရှိကြောင်း သို့သော်လည်း ကျင်းပဖြစ်မည်မဖြစ်မည်ကို တရားဝင်ပြောကြာနိုင်ခြင်း မရှိကြောင်း စူဟဲလ် ချာဟီ က ဆိုသည်။

 

 

သမ္မတ ထရန့် က တာလီဘန်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြီးဆုံးသွားပြီဖြစ်ကြောင်း  ပြီးခဲ့သည့် စက်တင်ဘာလက ထုတ်ပြန်ကြေညာခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို