ရန်ကုန် အောက်တိုဘာ ၂၆
ငလျင်ဘေးအလွန် ပြန်လည် ထူထောင်ရေးဆိုင်ရာ ဟောပြောပွဲကို အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းက မန္တလေးမြို့ အောင်မြေ သာစံမြို့နယ်ရှိ Triumph Hotel ၌ ကျင်းပသည်။
အခမ်းအနားတွင် ယခုနှစ် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက် ပျက်စီးဘေးဒဏ်ခံစားခဲ့ရသော ပြည်သူများအတွက် ဝမ်းနည်းခြင်းအဖြစ် တက်ရောက်လာသူ အာမခံ ကိုယ်စားလှယ်များနှင့် မိတ်ဖက် လုပ်ငန်းရှင်များက စက္ကန့် ၉၀ မတ်တပ်ရပ်၍ ငြိမ်သက်ကာ မေတ္တာပို့သခြင်း ပြုလုပ်ကြသည်။
ထို့နောက် ဂလိုဘယ်ဝေါ(လ်) အာမခံကုမ္ပဏီမှ တာဝန်ရှိသူများက ငလျင်ဘေးအလွန် ပြန်လည် ထူထောင်ရေးနှင့် ပတ်သက်၍ အသိပညာပေး အကြောင်းအရာများကို မျှဝေခဲ့ပြီး အာမခံ ဝန်ဆောင်မှုအကောင်းဆုံး လုပ်ငန်း စွမ်းဆောင်ရည်ဆု ရရှိသော အာမခံကိုယ်စားလှယ်များအား စွမ်းဆောင်ရည်ဆုများ ပေးအပ် ချီးမြှင့်ပြီး ဆုရရှိသောအာမခံ ကိုယ်စားလှယ်များက ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ကိုထက်


