ငဖဲ  ၂၂  ဖေဖော်ဝါရီ    


      
မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ပင်ဦးကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အခြေခံလျှပ်စစ်နည်းပညာများကို သိရှိစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စက်မှုဝန်ကြီးဌာန၊ အမှတ်(၄)စက်မှုသင်တန်းကျောင်း (ပခုက္ကူ)တို့ ပူးပေါင်း၍ (၁၂) ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချခဲ့သည့် စက်မှုနှင့်အသက်မွေး ပညာရွေ့လျားသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

 

image-0-02-06-80589

 

အခမ်းအနားတွင် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လွင်နှင့် ငဖဲမြို့နယ် အုပ်ချုပ်ရေးမှူးဦးဆန်းထွန်းတို့က အခြေခံလျှပ်စစ်နည်းပညာများ တတ်မြောက်ပြီး ယခုထက်ပိုမိုအဆင့်မြင့်သော နည်းပညာရပ်များကို ဆက်လက်၍ လေ့လာဆည်းပူးသွားကြရန် အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၄)စက်မှု သင်တန်းကျောင်း (ပခုက္ကူ)ကျောင်းအုပ်ကြီး ဦးရဲထွဋ်ဇော် က မျိုးဆက်သစ်စက်မှုကျွမ်းကျင်လုပ်သားများ ပေါ်ထွန်းလာပြီး မိမိ မိသားစု ဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရန် သင်တန်းဆင်းအမှာစကားပြောကြား၍ သင်တန်းတွင်ထူးချွန်ဆုရရှိသူ(၃)ဦးအား ဆုချီးမြှင့်ပေးအပ်ပြီး သင်တန်းဆင်းလက်မှတ်များကို  သက်ဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းသို့ မြို့နယ်တွင်းရှိ ကျေးရွာများမှ သင်တန်းသား /သင်တန်းသူ ၄၀  တက်ရောက်ခဲ့ကြောင်း သိရသည်။

 

မယု(ငဖဲ)

 

image-0-02-06-e287de2399277f