သံတွဲ ၁၁ မတ်
သံတွဲခရိုင် ကျိန္တလီမြို့မှ ပဲ့နင်း ဦးစိန်ဌေးဦးစီးသည့် ငါးဖမ်းကျော့ ပိုက်စက်လှေဖြင့် ငါးဖမ်းရာ မတ်လ ၁၀ရက် နံနက်က ပင်လယ်လိပ်မတစ်ကောင် ဖမ်းမိသဖြင့် ကျိန္တလီမြို့ကမ်းနီးငါးလုပ်ငန်း စီမံခန့်ခွဲရေးအသင်းနှင့် ပင်လယ်လိပ်ထိန်းသိမ်းရေးကော်မတီမှ သွားရောက်စစ်ဆေး မှတ်တမ်းများရယူပြီး ပင်လယ်ထဲသို့ ပြန်လည်လွှတ်ပေးခဲ့ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
အဆိုပါလိပ်မှာ လိပ်လှောင်း(Olive Ridley Turtle ) ရှားပါး လိပ်မျိုးနွယ်စုဖြစ်ပြီး ကျောခွံအကျယ် ၆၀ စင်တီမီတာ၊ အလျား ၆၁ စင်တီမီတာရှိကြောင်း ကျိန္တလီမြို့ ပင်လယ်လိပ်ထိန်းသိမ်းရေးကော်မတီထံမှ သိရသည်။
MDN


