ကိုင်ရို ၁၈ နိုဝင်ဘာ
အီဂျစ်နိုင်ငံသည် အငြင်းပွားနိုင်းဆည်ကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ဒီဇင်ဘာ ၂ ရက်နှင့် ၃ ရက်တို့တွင် ကျင်းပမည့် ဆွေးနွေးပွဲအသစ်များကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း အီဂျစ် ရေအရင်းအမြစ်ဝန်ကြီးဌာနက ပြောကြားလိုက်သည်။
အီဂျစ်နိုင်ငံ၊ အီသီယိုပီးယားနိုင်ငံနှင့် ဆူဒန်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ နိုဝင်ဘာ ၆ ရက်က ဝါရှင်တန်၌ တွေ့ဆုံစဉ်အတွင်း ရေအရင်းအမြစ်ဝန်ကြီးများအဆင့် အစိုးရနှင့်ဆိုင်သော နည်းပညာအစည်းအဝေး လေးခုကို ကျင်းပရန် သဘောတူညီခဲ့ပြီး ကမ္ဘာ့ဘဏ်နှင့် အမေရိကန်တို့ကလည်း အဆိုပါအစည်းအဝေးများသို့ လေ့လာသူများအဖြစ် တက်ရောက်မည်ဖြစ်သည်။
အဒစ်အဘာဘာ၌ နိုဝင်ဘာ ၁၅ ရက်တွင် စတင်ကျင်းပခဲ့ပြီး နိုဝင်ဘာ ၁၆ တွင် ပြီးစီးခဲ့သည့် ပထမအကြိမ် အစည်းအဝေးအတွင်း နိုင်းဆည်၏ လုပ်ငန်းလည်ပတ်မှုနှင့် ရေဖြည့်တင်းရေးလုပ်ငန်းစဉ်တို့တွင် နည်းပညာလိုအပ် ချက်များကိုဆွေးနွေးခဲ့ကြောင်း ရေအရင်းအမြစ်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တစ်ရပ်တွင် ပြောကြားခဲ့သည်။
ရေအရင်းအမြစ်ဝန်ကြီးများသည် ကိုင်ရိုမြို့တွင်ကျင်းပမည့် ဒုတိယအကြိမ်အစည်းအဝေးတွင် အငြင်းပွား ဖွယ်ရာကိစ္စရပ်များအားလုံးနှင့်စပ်လျဉ်း၍ နည်းပညာဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင် သွားရန်လည်း သဘောတူညီခဲ့ကြသည်။ ( နိုဝင်ဘာလအစောပိုင်းက ဝါရှင်တန်၌ကျင်းပခဲ့သည့်
အစည်းအဝေးတွင် သုံးနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများသည် နိုင်းဆည်လုပ်ငန်းလည်ပတ်မှုနှင့် ရေဖြည့်ရေးဆိုင်ရာ
တို့တွင် ပြီးပြည့်စုံမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ လိုက်လျောညီထွေဖြစ်မှု၊ ရေရှည်ထိန်းသိမ်းထားနိုင်မှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းရေး သဘောတူညီချက်တို့ရရှိရေးစသည့် ၎င်းတို့၏ပူးတွဲကတိကဝတ်များကို ထပ်လောင်းအတည်ပြုခဲ့သည်။
ကိုးကား- ဆင်ဟွာ၊ ဘာသာပြန်- အလင်းသစ်


