၉ အောက်တိုဘာ

 

 

ဆော်ဒီအာရေဗျနိုင်ငံသည် လက်မထပ်ရသေးသည့် စုံတွဲများအား ဟိုတယ်အခန်းများ တည်းခိုခွင့်ပြုခြင်းဖြင့် နိုင်ငံခြားခရီးသွားများအတွက် လမ်းပိုမိုဖွင့်ပေးခဲ့သည်။

 

 

ပြီးခဲ့သည့် စက်တင်ဘာလက ဂျပန်နိုင်ငံ အပါအဝင် ဒေသများနှင့်  နိုင်ငံပေါင်း ၅၀ ခန့်ရှိ နိုင်ငံသားများအတွက် ဆော်ဒီအာရေဗျနိုင်ငံ က ဗီဇာပရိုဂရမ် ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် ယင်းကဲ့သို့ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

 

 

တရုတ်၊ ဗြိတိန်နှင့် အခြားနိုင်ငံများမှ လူပေါင်း ၂၄၀၀၀ ခန့်ကို ခရီးသွားဗီဇာ ယမန်နေ့က ထုတ်ပေးခဲ့ကြောင်း ဆော်ဒီအာရေဗျ အစိုးရ၏ ပြောကြားချက်ကို ကိုးကားကာ ဒေသန္တရမီဒီယာက ဖော်ပြခဲ့သည်။

 

 

နိုင်ငံခြားသား အမျိုးသားနှင့် အမျိုးသမီးတို့ ဟိုတယ်တွင် တည်းခိုနေစဉ် လက်ထပ်ပြီးစီးကြောင်း သက်သေပြရန် စာရွက်စာတမ်းများ တောင်းခံတော့မည် မဟုတ်ကြောင်း ခရီးသွား လုပ်ငန်းနှင့်အမျိုးသား အမွေအနှစ်ဆိုင်ရာ ဆော်ဒီကော်မရှင်အဖွဲ့က တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

 

 

နိုင်ငံခြားသား အမျိုးသမီးများ ဣန္ဒြေရရ ဝတ်ဆင်ရန် လိုအပ်မည် ဖြစ်သော်လည်း တစ်ကိုယ်လုံးဖုံးအုပ်ထားသည့် အနက်ရောင် ဝတ်ရုံများ ဝတ်ဆင်ထားခြင်းမှလည်း ကင်းလွတ်ခွင့်ရမည် ဖြစ်သည်။

 

 

အရက်ကို ပိတ်ပင်ထားဆဲ ဖြစ်သည်ဟု သိရသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို