နေပြည်တော် ၂၂ ဖေဖော်ဝါရီ 


နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် ဒေါ်လှမျိုးနွယ်သည် ယနေ့မွန်းလွဲ  ၁ နာရီတွင် ဂျပန်နိုင်ငံ နာဂိုယာတက္ကသိုလ်မှ The Center for Asian Legal Exchange မှ လက်ထောက်ပါမောက္ခ Prof.Ms.Emi Makino ဦးဆောင်သော ဥပဒေအထူးပြု ကျောင်းသားကျောင်းသူများပါဝင်သည့် လေ့လာရေးအဖွဲ့အား နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ခုံရုံးအဖွဲ့ဝင် ဒေါ်လှမျိုးနွယ် က မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေများ၏ သမိုင်းကြောင်းများ၊ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဖွဲ့စည်းခြင်း၊ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ရွေးချယ်ခြင်းနှင့် လုပ်ငန်းတာဝန်များ၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ တင်သွင်းလွှာများအပေါ် ဆုံးဖြတ်ချက်များနှင့် ဆောင်ရွက်လျက်ရှိသည့် သုတေသန လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားရာ လေ့လာရေးအဖွဲ့ ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိသည်။ 


(သတင်းစဉ်)