နေပြည်တော် ၁၈ မတ်
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် နိုင်ငံတကာချစ်ကြည်ရေး ဘောလုံး ပွဲစဉ်များအဖြစ် မတ် (၁၉) ရက် ညနေ (၆) နာရီတွင် တရုတ် (တိုင်ပေ) ဘောလုံးအသင်းနှင့်လည်းကောင်း၊ မတ် (၂၅) ရက်၊ ညနေ (၆) နာရီတွင် အင်ဒိုနီးရှားဘောလုံးအသင်းနှင့် လည်းကောင်း မန္တလေးမြို့ရှိ မန္တလာသီရိ ဘောလုံးကွင်းတွင် ယှဉ်ပြိုင် ကစားသွားမည်ဖြစ်သည်။
အဆိုပါဘောလုံးပွဲစဉ်များအား ယင်းနေ့ ညနေ (၅) နာရီ (၄၅) မိနစ်မှ စတင်၍ မြန်မာ့ရုပ်မြင်သံကြား (MRTV)၊ MRTV Sports Channel နှင့် မြန်မာ့အသံ ရေဒီယိုအစီအစဉ်တို့မှ တိုက်ရိုက်ထုတ်လွှင့် ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
(သတင်းစဉ်)


