ပဲခူး   အောက်တိုဘာ  ၂၁

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့်  ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာအသိပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်က ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ဓာတ်ကြွင်းကင်စင်ရေးနည်းပညာများကို ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသည့်   တောင်သူများ၏ သိရှိသိလိုသည်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ 

နေလင်း(ညောင်လေးပင်)