နေပြည်တော် ၂၁  အောက်တိုဘာ

 

ညောင်ရွှေမြို့နယ် တောင်ပို့ကြီးကျေးရွာတွင် သားဖြစ်သူက ဖခင်ဖြစ်သူအား ဓားဖြင့်ထိုး၍ ဖခင်သေဆုံးသွားကြောင်း သိရသည်။

 

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် တောင်ပို့ကြီးကျေးရွာ၌ အောက်တိုဘာလ ၂၀ ရက်နေ့ည ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် သားဖြစ်သူမှ ဖခင်ဖြစ်သူအား ဓားဖြင့်ထိုး၍ ဖခင်ဖြစ်သူသေဆုံး သွားကြောင်း သတင်းအရ နန်းပန်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ က သွားရောက်စစ်ဆေးခဲ့ရာ တောင်ပို့ကြီးကျေးရွာနေ ဦးထွန်းဝင်း၏ နေအိမ်လှေ ကားတွင် အဆိုပါကျေးရွာနေ ဦးဝင်း(၅၃)နှစ်အား ထိုးသွင်းဒဏ်ရာ(၁)ချက်ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိ၍ စုံစမ်းရာ ဦးဝင်း၏သားဖြစ်သူ ဆန်းမွန်း(၃၄)နှစ်သည် အရက်သေစာ သောက်စားပြီး ဖခင်ဖြစ်သူအား ရန်ရှာသဖြင့် ဖခင်ဖြစ်သူမှ ဦးထွန်းဝင်း အိမ်သို့ ရှောင်ထွက်လာစဉ် ဆန်းမွန်းက နောက်မှလိုက်ပြီး ဓားဖြင့်ထိုးသဖြင့် ဦးဝင်း တွင်ဒဏ်ရာများရရှိကာ သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ဆန်းမွန်းအား နန်းပန်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

(ရဲပြန်ကြား)