နေပြည်တော် ၂၂  စက်တင်ဘာလ

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ထရိုင်းတောကျေးရွာနေ ဒေါ်ဝိုင်းမှီ(၅၇)နှစ်သည် စက်တင်ဘာ ၂၁ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်က နေအိမ်ခြံဝင်းအတွင်း၌ အပင်စိုက်ပျိုးရန် မြေကျင်းတူးဖော်နေစဉ်  ပွိုင့် ၃၀၃ ကျည် အတောင့် ၂၀ (သံချေးတက်/မကောင်း)အား တွေ့ရှိကြောင်း သတင်းအရ တောင်ဇင်းရဲကင်းစခန်းမှရဲအုပ် မောင်မောင်ရွှေ ဦးစီးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ပြီး နံနက် ၁၁ နာရီခွဲအချိန်တွင် အဆိုပါ ကျည်ဆံဟောင်းများအား နယ်မြေခံတပ်ရင်းသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း ရဲပြန်ကြားမှ သတင်းရရှိသည်။

 

MDN