မိုးကောင်း ၁၆ မတ်
မိုးကောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်နှင့် တိုင်းရင်းဆေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို မန်ရွက်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယနေ့ နံနက် ၁၁ နာရီခွဲတွင် ဆောင်ရွက်ခဲ့သည်။
ယင်းသို့ဆောင်ရွက်ရာတွင် အသိပညာပေး နံရံကပ်များ၊ သုတရသ စာအုပ်စာစောင်များ ခင်းကျင်းပြသပြီး စာဖတ်ခြင်းအလေ့အထရှိစေရန်၊ ဗဟုသုတကြွယ်ဝစေရန် အသိပညာပေးရေး သုတ/ရသစာအုပ်များကို အဆိုပါကျောင်း ယဉ်ကျေးလိမ္မာသင်တန်း ကျောင်းသား ကျောင်းသူများအား ဖြန့်ဝေ၍ စာဖတ်စေခဲ့ပြီး ပြန်/ဆက်ဦးစီးမှူး ဒေါ်နီနီလွင်က သင်ခန်းစာယူစရာ အကြောင်းအရာများ ပြန်လည်၍အသိပညာပေး ဟောပြောသည်။
အလားတူ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာနနှင့် တိုင်းရင်းဆေးရုံတို့မှ တိုင်းရင်းဆေးရုံအုပ် ဒေါ်ဇင်မာအောင်၊ လက်ထောက် တိုင်းရင်းဆေးမှူး ဒေါ်သိင်္ဂီထွန်းတို့က ဝန်ထမ်းများနှင့်အတူ ယင်းဘုန်းတော်ကြီးကျောင်းတွင်း တရားစခန်းဝင် ယောဂီ ၁၆၅ ဦးအား တိုင်းရင်းဆေးကုသမှု၊ ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှု ဆောင်ရွက်ကြကြောင်း သိရသည်။
သန်းလွင်ဦး (ပြန်/ဆက်)


