၆ ဇွန်
နယူးဇီလန်နိုင်ငံ၏ မြောက်ပိုင်းကျွန်း Kawhia အနီးတွင် ယနေ့ပစ်ခတ်မှုတစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက် တစ်ဦးသေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယနေ့မနက် ၄ နာရီခန့်က ယင်းပစ်ခတ်မှုကြောင့် လေးဦးဒဏ်ရာရရှိခဲ့ကြောင်း စုံထောက် Graham Pitkethley က ပြောကြားခဲ့သည်။
အဆိုပါ ပစ်ခတ်မှုတစ်ခုမှ ဒဏ်ရာရရှိသူများကို ကနဦးစုံစမ်းစစ်ဆေးချက်အရတွေ့ရှိခဲ့ပြီး အခြားသော သုံးဦးမှာ ဒဏ်ရာမပြင်းထန်ကြောင်း Graham Pitkethley က ပြောကြားခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို


