၁၈ အောက်တိုဘာ
ကွမ်းတက်စ်လေကြောင်းလိုင်းရဲ့ နယူးယောက်- ဆစ်ဒနီကို မရပ်မနားဘဲ ပထမဦးဆုံး ပျံသန်းမယ့် ခရးီစဉ်မှာ လိုက်ပါမယ့်သူတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ကိုယ်ခန္ဓာကျန်းမာရေးပါ စစ်ဆေးခဲ့ပါတယ်။
သြစတြေးလျားနိုင်ငံအလံပါရှိတဲ့ လေကြောင်းလိုင်း သုံးခုထဲကနေ တစ်ခုက ပထမဦးဆုံး ခရီးရှည်ကို မရပ်မနား ပျံသန်းဖို့ စမ်းသပ်တာဖြစ်ပါတယ်။
ဘိုးရင်းလေယာဉ် ၇၈၇-၉ ပေါ်မှာ လေယာဉ်ဝန်ထမ်းနဲ့ ခရီးသည်အပါအဝင် လူ ၄၀ နီးပါး တင်ဆောင်ပြီး နယူးယောက်ကနေ သောကြာနေ့မှာစတင်ပျံသန်းမယ်ဖြစ်ရာ ဆစ်ဒနီကို တနင်္ဂနွေနေ့ မနက်စောစော မှာ ရောက်ရှိမှာဖြစ်ပါတယ်။ နယူးယောက်နဲ့ ဆစ်ဒနီ ကြားမှာ နာရီ ၁၅ ကွာခြားတာကို တွေ့ရပါတယ်။
လေယာဉ်ပေါ်မှာ သြစတြေးလျား တက္ကသိုလ်က သိပ္ပံပညာရှင် နှစ်ဦးလည်း ပါဝင်မှာဖြစ်ပြီး ခရီးသည်တွေရဲ့ အိပ်ချိန်နဲ့ အစားအစာတွေကို လေ့လာမှာဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်ကလည်း ကွမ်းတက်စ် လေကြောင်းလိုင်းက သြစတြေးလျားနိုင်ငံ ပတ်သ်မြို့ ကနေ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို တိုက်ရိုက်ပျံသန်းရာ ၁၇ နာရီကြာတဲ့ခရီးစဉ်နဲ့လည်း မိတ်ဆက်ပေးခဲ့ပါတယ်။
ကွမ်းတက်စ်ကနေ လန်ဒန်- ဆစ်ဒနီ တိုက်ရိုက်ခရီးစဉ် ကို လာမယ့်လပိုင်းမှာ မိတ်ဆက်ပေးဦးမှာလို့ သိရပါတယ်။
MDN
ကိုးကား - AFP


