ပဲခူး     နိုဝင်ဘာ  

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည်  ယမန်နေ့ နံနက်ပိုင်းက  ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်းစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်စေရေး   ကွင်းဆင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည်  တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ  နတ်တလင်းမြို့ ရွှေလင်းခန်းမ    ဘက်စုံအဆင့်မြှင့်တင်တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး  သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ   အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။

ယင်းနောက် ဇီးကုန်းမြို့မဈေးသို့သွားရောက်၍   ဈေးအတွင်း ဈေးဆိုင်ခန်းများ စနစ်တကျဖြစ်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ သတ်မှတ်ထားသည့် လျှောက်လမ်းဧရိယာအတိုင်း ကျူးကျော်ဈေးရောင်းချမှုမရှိစေရေး၊ ကုန်စိမ်းဈေးတန်းနှင့်သားငါးဈေးတန်းတို့အတွက်  ဈေးရုံအသစ်တစ်ခု အမြန်ဆုံးတည်ဆောက်ပေးရန် မှာကြားသည်။

ထို့နောက်     တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်   တာဝန်ရှိသူများသည် လက်ပံတန်းမြို့နယ်  ဓနတိုးကျေးရွာရှိ မွေးမြူရေးလုပ်ငန်းရှင်  ဦးစိုင်းဝေလင်း၏  ငါးမြစ်ချင်း၊ ငါးကြင်း၊  ငါးခေါင်းပွ  စုစုပေါင်း ကောင်ရေ ၃၀၀၀၀ အောင်မြင်စွာ မွေးမြူထားရှိမှုကို ကွင်းဆင်းကြည့်ရှုအားပေးပြီး ဒေသတွင်း ငါးစားသုံးမှုဖူလုံစေရေး ငါးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်၊ အစားအစာ ဘေးကင်းလုံခြုံမှုရှိစေရေး    သတ်မှတ်နည်းလမ်းအတိုင်း မွေးမြူသွားရန်၊ ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့်   ငါးစာထုတ်လုပ်မွေးမြူရန်နှင့် ကိုယ်တိုင်သားဖောက်မွေးမြူခြင်းအပြင် တိုင်းရင်းငါးမျိုးများလည်း တိုးချဲ့မွေးမြူနိုင်ရေး မှာကြားသည်။

ဆက်လက်၍   သာယာဝတီမြို့နယ် ကျွန်းကုန်းကျေးရွာအုပ်စု လွှတ်ကျောင်းစနစ်ဖြင့် ဥစားဘဲ  မွေးမြူထားရှိမှုကို လည်းကောင်း၊ တန်ဖိုးမြင့်ပေါ်ဆန်း လေးမျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်  စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုကိုလည်းကောင်း ကွင်းဆင်းကြည့်ရှုအားပေးပြီး  မြို့နယ်အလိုက် တန်ဖိုးမြင့် ပေါ်ဆန်းစပါး စိုက်ပျိုးရေးဇုန်များ ဖော်ဆောင်ရန်၊ ဒေသနှင့် ကိုက်ညီသည့် ပေါ်ဆန်းစပါးမျိုးလုံလောက်စွာရရှိရေးနှင့် တောင်သူအသိပညာပေးခြင်းလုပ်ငန်းများ  ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။

ယင်းနောက်  တိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့၌  လယ်ယာသုံးစက်ကိရိယာထုတ်လုပ်ရေးလုပ်ငန်းရှင် ဦးမြင့်ထွေး၏ အကွက်ကျယ်  စပါးမျိုးစေ့ချစက်နှင့် ထွန်စက်တွဲ  ဘက်စုံသုံးအစေ့ချစက် တီထွင်ထုတ်လုပ်ထားရှိမှုကို  ကြည့်ရှုအားပေးကာ  စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက်  လယ်ယာသုံးစက်ကိရိယာများ  မဖြစ်မနေသုံးစွဲရမည်ဖြစ်၍  လယ်ယာသုံးစက်ကိရိယာမျိုးစုံတီထွင်ထုတ်လုပ်နိုင်ရေး လိုအပ်သည်များ  ပံ့ပိုးကူညီဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)