အောင်လံ ၁၀ မတ် 

 

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်ရှိ ပဒဲရေလှောင်တမံသည် မြေသားရေလှောင်တမံတစ်ခုဖြစ်ပြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ပြုပြင်ထိန်းသိမ်းခြင်းနှင့် ဆည်ရေပေးဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မိုးရွာသွန်းမှု အခြေအနေအရ ကန်ရေပြည့်သည်အထိ ရေဝင်ရောက်သိုလှောင်နိုင်ခဲ့ပြီး တူးမြောင်းမကြီးနှင့် လက်တံမြောင်း (၇)ခု၊ လက်တံခွဲမြောင်း (၁၈)ခုတို့မှတစ်ဆင့် မြောင်းဆုံးမြောင်းဖျားအထိ စိုက်ပျိုးရေ ပေးဝေနိုင်ခဲ့ကြောင်း သိရသည်။ 

 

ယခုနှစ်တွင် မိုးစပါး (၁၁၃၈)ဧကအား ရေပေးဝေနိုင်ခဲ့ပြီး နွေစပါး (၉၅၅)ဧက စိုက်ပျိုးနိုင်ရန် ဖေဖော်ဝါရီ (၁၅)ရက်မှ စတင်၍ ယခုအချိန်အထိ ရေပေးဝေလျက်ရှိကြောင်း၊ နွေစပါးအတွက် နှစ်စဉ်ပျမ်းမျှ ဧကတစ်ထောင်ခန့်အား ရေပေးဝေနိုင်ခဲ့ပြီး ဒေသခံတောင်သူတို့၏ လူမှုစီးပွားဘဝများ တိုးတက်ရေးအတွက် အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း တည်ဆောက်ရေး(၃)၊ တောင်တွင်းကြီးမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက သိရသည်။

 

မြို့နယ်(ပြန်/ဆက်)