နွားထိုးကြီး ၁၇ မတ်
ပေ ၁၀ဝ ကျော်ရှည်ရှိသော အင်ကြင်းပင် ကျောက်ဖြစ်ရုပ်ကြွင်းကို စတုတ္ထမြောက် အပင်အဖြစ် နွားထိုးကြီး ထရီးဂျိတ် အင်ကြင်းဥယျာဉ်က အများပြည်သူလေ့လာနိုင်ရန် ယခုရက်ပိုင်းတွင် အခမဲ့ ပြသထားကြောင်း သိရသည်။
ယခုပြသထားသော အင်ကြင်းပင် ကျောက်ဖြစ်ရုပ်ကြွင်းမှာ လုံးပတ် ၃ ပေမှ ၄ ပေကျော်ထိရှိကာ အရှည်မှာ ပေ ၁၀ဝ ကျော်ရှိပြီး မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်မှ ရရှိသော အင်ကြင်းပင်ဖြစ်ကြောင်း နွားထိုးကြီး ထရီးဂျိတ်ဥယျာဉ်မှ သိရသည်။
အဆိုပါ ထရီးဂျိတ်ဥယျာဉ်တွင် အင်ကြင်းပင်ဖြစ်သည့် ကျောက်ဖြစ်ရုပ်ကြွင်း အင်ကြင်းပင် ၄ ပင်အထိ ပြသထားပြီး အင်ကြင်းကျောက်၊ ထန်းကျောက် စသော ကျောက်ဖြစ်ရုပ်ကြွင်း အမျိုးအစား ၅ ထောင်ခန့်ကို အဖြူရောင်၊ အစိမ်းရောင်၊ ပယင်းရောင်၊ အနက်ရောင်၊ အညိုရောင်တို့ဖြင့် ပြသထားရာ အချို့မှာ တရုတ်ပြည်ကို ရောင်းချပြီးနောက် တရုတ်ပြည်မှ ပြန်လည်ဝယ်ယူခဲ့ရသော ပစ္စည်းများပါဝင်ကြောင်း သိရသည်။
(ဌေးမြင့်မောင်)


