ဖာပွန်  ၂၈   အောက်တိုဘာ

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်တွင် ယနေ့နံနက် ၆ နာရီ မိနစ် ၂၀  အချိန်၌ အမှတ်(၃)ရပ်ကွက်ရှိ  စိန့်ထရေဇာဘုရားရှိခိုးကျောင်း ဘော်ဒါဆောင် (၂၀'×၅၀')၊ အုတ်ညှပ် (၂)ထပ်၊ သွပ်မိုး၊ ပျဉ်ခင်း အဆောက်အအုံတစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

၁

 

ဖြစ်စဉ်မှာ စိန့်ထရေဇာဘုရားရှိခိုးကျောင်းအတွင်းရှိ အမျိုးသမီးဘော်ဒါဆောင်တွင် ဖရောင်းတိုင် မီးထွန်းထားရာမှတစ်ဆင့် အပေါ်ထပ်တွင် မီးစတင်လောင်ကျွမ်းခဲ့သည်။ အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် အမျိုးသမီးဘော်ဒါဆောင်  မီးလောင်ခဲ့ခြင်းဖြစ်သည်။

 

 အဆိုပါ မီးလောင်ရာနေရာသို့ ဖာပွန်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ ဖာပွန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအေး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးဇော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်နှစ်စီးဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ၆ နာရီ မိနစ် ၄၀ အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

 

 အဆိုပါ ဘော်ဒါဆောင်တွင် ပညာသင်ကြားနေသော ကျောင်းသူ(၂၉)ဦးအား ကျောင်းတာဝန်ခံ နှင့်အတူ တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုကိစ္စနှင့် ပတ်သက်၍ စိန့်ထရေဇာ ဘုရားရှိခိုးကျောင်း ဘော်ဒါဆောင်တာဝန်ခံအား ဖာပွန်မြို့မရဲစခန်းမှ ဥပဒေနှင့်အညီဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 

ကျော်ဝဏ္ဏ(ပြန်/ဆက်)