နိုဝင်ဘာ ၂၄
ဖီဂျီနိုင်ငံတွင် အရွယ်ရောက်ပြီးသူ ၉၀ ရာခိုင်နှုန်းကျော်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးဖြစ်သဖြင့် နာဒီအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြန်လည်ဖွင့်လှစ်ရန် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း စီးပွားရေးဝန်ကြီး အီရတ်ဆာရတ်က ယနေ့တွင်ပြောကြားသည်။
Fijivillage သတင်းဝက်ဘ်ဆိုက်၏ ယနေ့ဖော်ပြချက်အရ ဒီဇင်ဘာ ၁ ရက်နေ့တွင် နာဒီလေဆိပ် ဖွင့်လှစ်ခြင်းသည် ရောဂါကူးစက်မှုဖြစ်ပွားပြီးသော ပစိဖိတ်ဒေသတွင် ကိုဗစ်ဘေးကင်းသော ခရီးသွားလုပ်ငန်း၏ တံခါးပေါက်ဖြစ်လာမည် ဖြစ်သည်။
ထိုလေဆိပ်သည် ဖီဂျီကျွန်းနိုင်ငံ Viti Levu ၏ အနောက်ပိုင်းတွင် တတိယအကြီးမားဆုံးမြို့ဖြစ်သည့် နာဒီတွင် တည်ရှိသည်။
Khaiyum က လေကြောင်းကဏ္ဍနှင့် ခရီးသွားလုပ်ငန်း ဘေးကင်းလုံခြုံမှုဖြင့် ပြန်လည်စတင်ရန် ကတိကဝတ်ပြုထားသည့် လေဆိပ်များ စီမံခန့်ခွဲမှုနှင့် ဝန်ထမ်းများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ဖီဂျီလေဆိပ်များဥက္ကဋ္ဌ ဂိုဖရီရှောက လာမည့်ဗုဒ္ဓဟူးနေ့ကို စိတ်လှုပ်ရှားမှုကြီးစွာဖြင့် မျှော်လင့်နေပြီး ကျွန်းနိုင်ငံအတွင်း ခရီးသွားလုပ်ငန်း ပြန်လည်စတင်သည့် အထိမ်းအမှတ်အဖြစ် ပထမဆုံးဖီဂျီလေကြောင်းလိုင်း ပြေးဆွဲခြင်းကိုကြိုဆိုပါကြောင်း ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


