နေပြည်တော် ၁ နိုဝင်ဘာ
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ လိပ်သေကျေးရွာနေ ဦးရမ်းမကျန်း (၄၂)နှစ်နှင့် အဖော် ၂ ဦးသည် အောက်တိုဘာ ၃၁ ရက်နေ့ ည ၈ နာရီခွဲခန့်က ၎င်း၏ကွမ်းယာဆိုင်ရှိ ခုံတန်းလျား၌ ထိုင်နေစဉ် မိုးရွာသွန်းပြီး မိုးကြိုးပစ်ခတ်မှုကြောင့် ၎င်းတို့ ၃ ဦးတွင် ရင်ဘတ်၊ ယာပေါင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ဖြူးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)


