ဒီဇင်ဘာ ၃၁

ပီရူးနိုင်ငံတွင် ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ မာချူပီချူသို့ ဦးတည်သွားနေသော လမ်းကြောင်းပေါ်တွင် ရထားနှစ်စင်း တိုက်မိခဲ့ကြောင်း ပီရူးမီဒီယာများက ဖော်ပြခဲ့သည်။

ရထားမောင်းနှင်သူတစ်ဦး သေဆုံးပြီး ခရီးသွားများ အပါအဝင် ၃၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

အဆိုပါမတော်တဆမှုသည် မာချူပီချူဘူတာနှင့် ကီလိုမီတာ ၃၀ ခန့်အကွာရှိ အိုလန်တေတမ်ဘိုဘူတာကြားတွင် ယမန်နေ့မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုရထားများသည် တစ်ခုတည်းသော ရထားလမ်းအပိုင်းတွင် မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်း ဖြစ်နိုင်သည်ဟု ဖော်ပြထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို