ကဘူးလ်  အောက်တိုဘာ  ၃၀

လွန်ခဲ့သည့်သီတင်းပတ်အတွင်း ပါကစ္စတန်အကျဉ်းထောင်များမှ အာဖဂန်အကျဉ်းသား စုစုပေါင်း   ၃၀၅ ဦး လွတ်မြောက်လာခဲ့ပြီး အာဖဂန်နစ္စတန်နိုင်ငံသို့ ဘေးကင်းစွာပြန်လည်ရောက်ရှိလာကြောင်း ဒုက္ခသည်များနှင့် နေရပ်ပြန်ပို့ရေးဝန်ကြီးဌာနက အောက်တိုဘာ  ၃၀ ရက်တွင် ကြေညာ သည်။

ပါကစ္စတန်နိုင်ငံတစ်ဝန်းရှိ နေရာအသီးသီးတွင် တရားစွဲဆိုခံရပြီး တစ်ရက်မှ နှစ်လအထိ ပြစ်ဒဏ်ချမှတ်ခံရ၍ ပြန်လည်လွတ်မြောက်လာသူများမှာ ကန်ဒါဟာပြည်နယ်တောင်ပိုင်း  စပင်ဘော်ဒတ် နယ်စပ်ဖြတ်ကျော်နေရာမှတစ်ဆင့် အာဖဂန်နစ္စတန်နိုင်ငံသို့ ပြန်လာခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားသည်။

၎င်းတို့ ရောက်ရှိချိန်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ချက်ချင်းရရှိခဲ့ပြီး ပြန်လည်ပေါင်းစည်းရေးအကူအညီအဖြစ် မိမိတို့ပြည်နယ်ရှိ နေအိမ်များသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဆင်ဟွာ