၁၃  မေ

 

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းတွင်  တရုတ်နိုင်ငံ၏ ရန်ပုံငွေဖြင့် တည်ဆောက်ထားသည့် ဆိပ်ကမ်းတစ် ခုအနီး ဇိမ်ခံဟိုတယ်တစ်ခုတွင် သေနတ်သမားများ၏ တိုက်ခိုက်မှုကြောင့် လူ ၅ဦး သေဆုံးခဲ့သည်။ 

 


အဆိုပါတိုက်ခိုက်မှုမှာ ဘလူချီစတန်ပြည်နယ် ဂွါဒါဆိပ်ကမ်းအနီးတွင် စနေနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။  စစ်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပစ်ခတ်မှုမဖြစ်ပွားမီ သေနတ်သမားသုံးဦးက ဟိုတယ်အတွင်းသို့ ပစ်ခတ်ခဲ့ကြောင်း ပါကစ္စတန်တပ်မတော်က ပြောကြားသည်။

 

္ါမါ

 

သေဆုံးသူ ၅ ဦးတွင် တပ်ဖွဲ့ဝင်တစ်ဦးနှင့် ဟိုတယ်အလုပ်သမားတစ်ဦးလည်း ပါဝင်ခဲ့သည်။ အဆိုပါ သေနတ်သမားသုံးဦးလည်း သေဆုံးခဲ့သည်။ ဟိုတယ်တွင်ရှိသည့် ဧည့်သည်များကို ဘေးလွှတ်ရာသို့ ရွေ့ပြောင်းပေးခဲ့သည်။

 

အဆိုပါဆိပ်ကမ်းမှာ အာရှနိုင်ငံမှ ဥရောပနိုင်ငံသို့ ပေါင်းကူးထားသည့် ကြီးမားသည့် စီးပွားရေးဇုန်တစ်ခု ဖန်တီးရန်အတွက် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းတွင် အရေးပါသော အခြေခံအဆောက်အ ဦများအနက် တစ်ခုဖြစ်သည်။ 

 

အဆိုပါသေနတ်သမားများက တရုတ်ဧည့်သည်များကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

န္န္

 

တိုက်ခိုက်မှုမှာ တရုတ်နှင့် အခြားပြည်ပ ရင်းနှီးမြှပ်နှံသူများကို ရည်ရွယ်ကြောင်း ဘလူချီစတန်လွတ်လပ်ရေး တိုက်ပွဲဝင်နေသည့် အကြမ်းဖက်သောင်းကျန်းသူအုပ်စုက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့သည်။

 

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း အဆိုပါအဖွဲ့က ပါကစ္စတန်နိုင်ငံ၏ အကြီးမားဆုံးမြို့ ကရာချိမြို့တော်ရှိ တရုတ်ကောင်စစ်ဝန်ရုံးကို တိုက်ခိုက်ခဲ့သေးသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်