ပခုက္ကူ ၁၈ ဖေဖော်ဝါရီ
ပခုက္ကူခရိုင် လူမှုဝန်ထမ်းဦးစီးဌာနက လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်(၈)ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သည့် မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၁၀နာရီက ပခုက္ကူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ ၁ ခန်းမ၌ ကျင်းပသည်။
ပခုက္ကူမြို့နယ်အတွင်းရှိ မသန်စွမ်း ၁၇၈၃ ဦးအတွက် တစ်ဦးလျှင်ကျပ် သုံးသောင်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၅၃၄၉၀ဝ၀ဝ ကို ပခုက္ကူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပခုက္ကူမူလတန်းကြိုကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သီရိသိန်းမြင့်နှင့် ထောက်ပံ့ငွေပေးအပ်ရာ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက လက်ခံရယူကြသည်။
ယခုထောက်ပံ့ပေးအပ်သည့်စာရင်းတွင် ပါဝင်ခြင်းမရှိပါက သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူများထံ ဆက်သွယ် အကြောင်းကြားနိုင်ပြီး စိစစ်၍ ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဇော်(ဓာတု)


