ဂျီနီဗာ ဩဂုတ် ၁၄
ကမ္ဘာ့နိုင်ငံများက ပလတ်စတစ်ညစ်ညမ်းမှု လျှော့ချရန် ရည်ရွယ်သည့် ကမ္ဘာ့ပထမဆုံးသော သဘောတူညီမှုတစ်ခု ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
ကုလသမဂ္ဂအဖွဲ့က ပလတ်စတစ်ညစ်ညမ်းမှုဆိုင်ရာ ညှိနှိုင်းရေးကော်မတီ အစည်းအဝေးများ ကျင်းပရန် ၂၀၂၂ ခုနှစ်တွင် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ နိုင်ငံနှင့် ဒေသပေါင်း ၁၈၀ မှ ကိုယ်စားလှယ်များ ပါဝင်သည့် အစည်းအဝေးကို သြဂုတ် ၅ ရက် မှ ၁၄ ရက် အထိ ကျင်းပခဲ့သည်။
ပလတ်စတစ်ထုတ်လုပ်မှုကို ကန့်သတ်ရမည်ဆိုသည့် စည်းမျဉ်းကို ဥရောပသမဂ္ဂနှင့် ပစိဖိတ်ကျွန်း နိုင်ငံများက တောင်းဆိုခဲ့သော်လည်း ဆော်ဒီအာရေဗျအပါအဝင် ရေနံထုတ်လုပ်သည့်နိုင်ငံများ က ယင်းစည်းမျဉ်းများကို ဆန့်ကျင်ခဲ့ကြောင်း သိရသည်။
သမ္မတ ထရမ့်အစိုးရလက်ထက် ပထမဆုံးအကြိမ် ပါဝင်ခဲ့သည့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကလည်း အဆိုပါ ပလတ်စတစ် ထုတ်လုပ်မှုဆိုင်ရာ ကန့်သတ် ချက်များကို လက်ခံသဘောတူညီရန် တွန့်ဆုတ်နေခဲ့သည်။
ပလတ်စတစ်ထုတ်လုပ်မှုအပေါ် ကန့်သတ်ချက်များ မပါဝင်သည့် မူကြမ်းအသစ်ကို ဩဂုတ် ၁၃ ရက်တွင် အစည်းအဝေး သဘာပတိက တင်ပြခဲ့သည်။ ပလတ်စတစ်ထုတ်လုပ်မှုကို ကန့်သတ်ရန် တောင်းဆိုလျက်ရှိသည့် နိုင်ငံအများအပြားက ယင်းအဆိုပြုချက်ကို ပယ်ချခဲ့ကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


