နေပြည်တော် ၃၀ အောက်တိုဘာ

ပင်လောင်းမြို့မရဲစခန်းမှူး ဒုရဲမှူး မင်းအောင်ဦးစီးသည့် ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ၂၉ ရက်တွင် ပင်လောင်းမြို့နယ်၊ ပင်ကာလကျေးရွာ၏ အရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်းစုစုပေါင်း ၂၄ ဧကခန့်အား လည်းကောင်း၊

ဖယ်ခုံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လင်းနိုင်ဦးစီးသည့်ပူးပေါင်းအဖွဲ့က ဖယ်ခုံမြို့နယ် ဘလပလို ကျေးရွာ၏ အနောက်တောင်ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၁၀ ဧကခန့်နှင့် လအိကျေးရွာ၏ အရှေ့တောင်ဘက် ၁ မိုင်ခွဲခန့်အကွာ၌ အမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၅ ဧကခန့်၊ စုစုပေါင်း ၁၅ ဧကခန့်အား လည်းကောင်း၊

ကလောမြို့မရဲစခန်းမှ ရဲအုပ် ဇော်မင်းထွန်းဦးစီးသည့် ပူးပေါင်းအဖွဲ့က ကလောမြို့နယ်၊ မြောင်ချောက်ကျေးရွာ၏ အနောက်တောင်ဘက် ၇ မိုင်ခန့် အကွာ၌ အမြင့် ၁ ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၄ ဧကခန့်နှင့် မြောင်ချောက်ကျေးရွာ၏ အနောက်တောင်ဘက်  ၇ မိုင် ၁ ဖာလုံခန့်အကွာ၌ အမြင့် ၁ ပေခွဲခန့် သီးပွင့်ဆဲ ဘိန်းခင်း  ၂ ဧကခန့်၊ စုစုပေါင်း ဘိန်းခင်း ၆ ဧကခန့်တို့အား လည်းကောင်း ဖျက်ဆီးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(ရဲပြန်ကြား)

drug b