နေပြည်တော်  ၂၈ အောက်တိုဘာ             

 

မူးယစ်တပ်ဖွဲ့စု(၂၆)ပင်လောင်းနှင့်နောင်တရား နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၇ ရက် နံနက် ၉ နာရီ က ပင်လောင်းမြို့နယ်၊ ပေါ့ယားကျေးရွာအုပ်စု၊ ထီရီးကျေးရွာနေ သန်းထွန်း၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၅၈၅ ပြား ကိုလည်းကောင်း ၊ အလားတူ လုံးပိုးကျေးရွာအုပ်စု၊ နောင်ကားခေါင်းကျေးရွာနေ တလင်း ၏နေအိမ်ကိုရှာဖွေရာ ၎င်းနှင့်အတူ တမောင်၊ ကျော်စိန် အားတွေ့ရှိပြီး စိတ်ကြွရူးသွပ်ဆေးပြား ၁,၅၄၃ ပြားသိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မြောက်ထိဗွာကျေးရွာအုပ်စု၊ လယ်ကြားကျေးရွာနေ မြင့်အောင်၏ နေအိမ်ကို ရှာဖွေရာ မီးဖိုခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၄၇၅ ပြား၊ ဘိန်း ၂ ဒသမ ၃ ကီလိုနှင့် ဘိန်းဆီခဲ ၁၀ဝ ဂရမ်တို့ကိုထပ်မံ သိမ်းဆည်း ရမိခဲ့သည်။

 

အလားတူ ယင်းနေ့ည ၈ နာရီခန့်က တောင်ကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့နယ်၊ လွယ်ကော်ကျေးရွာအုပ်စု၊ တောင်ပြိုကျေးရွာအနီး၊ တောင်ကြီး-ဇလဲ-ဆက်သေသွားကားလမ်းတွင် ကိုမောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇,၉၀ဝ  ကိုလည်းကောင်း၊

 

ထို့အတူ ယင်းနေ့ညနေ ၄ နာရီတွင် မူးယစ်တပ်ဖွဲ့စု(၅၈)မိုးမိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမိတ်မြို့နယ်၊ သစ်ဆိမ့်ကုန်းကျေးရွာအုပ်စု၊ မလွှပင်သစ်ထုတ်လုပ်ရေး စခန်းအနီးတွင် ဒေါ်ရီရီနိုင် မောင်းနှင်ပြီး ဇွဲလင်းမျိုး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,ဝ၀ဝ  သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

(ရဲပြန်ကြား)