နေပြည်တော် ၁ နိုဝင်ဘာ
ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူး မျိုးလွင်ဦးစီးသည့် ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၃၁ ရက်နေ့တွင် ပင်လောင်းမြို့နယ်၊ ဝါးပြုံးကျေးရွာ၏ တောင်ဘက် ၅ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း စုစုပေါင်း ၂၄ ဧကခန့်အား ဖျက်ဆီး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)


